ကျိုက်ထိုမြို့နယ်တွင် အိမ်သုံးဆေးဝါးများရောင်းချသည့် အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အိမ်သုံးဆေးဝါးများရောင်းချသည့် အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဆေးအရောင်းဆိုင်များအား သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။ ယင်းသို့စစ်ဆေးရာတွင် အဖျားပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ပိုးသတ်ဆေး၊ အစာအိမ်ဆေး၊ ဓါတ်ဆား၊ လိမ်းဆေးအမျိုးမျိုးတို့အား ရောင်းချရာတွင် ပြတ်လပ်မှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။