မွန်ပြည်နယ်

အတ္တရံမြစ်ရေများပြန်လည်ကျဆင်း၍ ဒေသခံပြည်သူများအေးချမ်းစွာသွားလာလျက်ရှိ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ဇူလိုင်လနောက်ဆုံးပတ်၌ မိုးများအဆက်မပြတ် သည်းထန်စွာရွာသွန်းသဖြင့် အတ္တရံမြစ်ရေမြင့်တက်လာကာ မြစ်ကမ်းအနီး အနိမ့်ပိုင်းရှိရပ်ကွက်များ၊ ကျေးရွာများရှိ နေအိမ်များအတွင်းနှင့် စာသင်ကျောင်းများအတွင်းသို့ ရေများနစ်မြုပ်ဝင်ရောက်ခဲ့သဖြင့် ဒေသခံပြည်သူများ ရေကြီးနစ်မြုတ်မှုဒဏ်ကို အချိန်တစ်ပတ်ခန့်ခံစားခဲ့ရပြီး စာသင်ကျောင်းအချို့ ခေတ္တပိတ်ထားခဲ့ရကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် တစ်ပိုင်တစ်နိုင် နဂါးမောက်သီးစိုက်ပျိုးကြသူများ အောင်မြင်ဖြစ်ထွန်း၍ မိသားစုအပိုဝင်ငွေရရှိ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ဥယျာဉ်ခြံမြေများနှင့် နေအိမ်များအတွင်း မြေကွက်လပ်များတွင် တစ်ပိုင်တစ်နိုင် နဂါးမောက်သီးနှံစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသူများ ဖြစ်ထွန်းအောင်မြင်ပြီး မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပေါင်မြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများထံမှ သိရသည်။

ဘီးလင်းမြို့နယ်တွင် ရေကြီးနစ်မြုပ်ခဲ့သော ရပ်ကွက်များရှိ ရေတွင်းများအား ကလိုရင်းဆေးများ လိုက်လံခပ်ပေး

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ဇူလိုင်လ ၂၅ ရက်မှစတင်ကာ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ရာ ယခုအခါ ရေများပြန်လည်ကျဆင်းသွားပြီ ဖြစ်သည့်အတွက် ရေကြီးနစ်မြုပ်ခံခဲ့ရသည့် ရေတွင်းများအား မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ကလိုရင်းဆေးခပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်ကာ လိုက်လံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူများ၊ ကျောင်းများ၊ မြို့နယ်များအား ပညာရည်ချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

မွန်ပြည်နယ် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းများ၊ မြို့နယ်များအား ပညာရည်ချွန် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ​အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့သည်။

ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်း၊ အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် (၁၁) နာရီက (အမက) မိုးနိုင်းကျောင်း၌ ပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာ ၄၂ ရွာရှိ တောင်သူများအား ထုတ်ချေးပြီးစီး

မွန်ပြည်နယ် မုဒုံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၄ ခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးစရိတ် ချေးငွေများကို မေလတတိယအပတ်မှ စတင်ထုတ်ပေးခဲ့ရာ ယခုအခါတွင် ကျေးရွာ ၄၂ ရွာရှိ တောင်သူများအား ထုတ်ချေးပြီစီးပြီးဖြစ်ကြောင်း သိရသည်။

ကျိုက်မရောမြို့နယ် ရေကြီးနစ်မြုပ်မှုတွင် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများသွားလာမှုအဆင်ပြေစေရန် လှေများဖြင့်ကူညီဆောင်ရွက်ပေး

မွန်ပြည်နယ်၊  ကျိုက်မရောမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး  အတ္တရံမြစ်ရေမြင့်တက်မှုကြောင့်  ဇူလိုင် ၂၅ ရက်နေ့မှ ယမန်နေ့နံနက်အထိ မြစ်ရေများသည် မြို့နယ်မီးသတ်ရုံးမှ ကြက်​ခြေနီအသင်းရုံးကြားရှိ လမ်းပိုင်းနေရာတွင် ပေ ၅၀၀ ခန့် ရေအနက် ၂ ပေခွဲခန့်  လမ်းရေကျော်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မူဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ စာရေးကိရိယာများ ရေစိုပျက်စီးမှုမရှိစေရန်နှင့် ဌာနဆိုင်ရာရုံးဝန်ထမ်းများ သွားလာမှုအဆင်ပြေစေရန်အတွက် မြို့နယ်မီးသတ်ဦးစီး ဦးတင်သောင်းဦးနှင့် အရန်မီးသတ်တပ်ဖွဲ့များ၊ ဖြူစင်နှလုံးသားပရဟိတလူငယ်အဖွဲ့များက လှေများဖြင့် နံနက် ၇ နာရီမှစတင်ကာ အကြိုအပို့ပြုလုပ်ပေးလျက်ရှိ​ ကြောင်းသိရသည်။

ကျိုက်မရောမြို့နယ် ရေကြီးနစ်မြုပ်မှုတွင် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများသွားလာမှုအဆင်ပြေစေရန် လှေများဖြင့်ကူညီဆောင်ရွက်ပေး

မွန်ပြည်နယ်၊  ကျိုက်မရောမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး  အတ္တရံမြစ်ရေမြင့်တက်မှုကြောင့်  ဇူလိုင် ၂၅ ရက်နေ့မှ ယမန်နေ့နံနက်အထိ မြစ်ရေများသည် မြို့နယ်မီးသတ်ရုံးမှ ကြက်​ခြေနီအသင်းရုံးကြားရှိ လမ်းပိုင်းနေရာတွင် ပေ ၅၀၀ ခန့် ရေအနက် ၂ ပေခွဲခန့်  လမ်းရေကျော်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မူဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ စာရေးကိရိယာများ ရေစိုပျက်စီးမှုမရှိစေရန်နှင့် ဌာနဆိုင်ရာရုံးဝန်ထမ်းများ သွားလာမှုအဆင်ပြေစေရန်အတွက် မြို့နယ်မီးသတ်ဦးစီး ဦးတင်သောင်းဦးနှင့် အရန်မီးသတ်တပ်ဖွဲ့များ၊ ဖြူစင်နှလုံးသားပရဟိတလူငယ်အဖွဲ့များက လှေများဖြင့် နံနက် ၇ နာရီမှစတင်ကာ အကြိုအပို့ပြုလုပ်ပေးလျက်ရှိ​ ကြောင်းသိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်ပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း(PPTT) အမှတ်စဉ်(၁၁/၂ဝ၂၄)သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မော်လမြိုင်ပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း(PPTT) အမှတ်စဉ်(၁၁/၂ဝ၂၄)သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ပညာရေးဒီဂရီကောလိပ်၊ ပညာညီလာခန်းမတွင်ကျင်းပရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊‌ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူး‌ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယမန်နေ့နံနက် (၁၁)နာရီက (အမက) ကဒုံစီးကျောင်း၌ ပြုလုပ်ခဲ့ကြ‌သည်။
Subscribe to မွန်ပြည်နယ်