မွန်ပြည်နယ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို  စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများပေးအပ်

နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ်ထက်သန်စွာဖြင့် စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက  စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိသည်။

ပေါင်မြို့နယ်၌ တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် ၂၀၂၄ ခုနှစ် စိုက်ပျိုးစရိတ်ချေးငွေ‌ကို ဩဂုတ် ၆ ရက်နေ့နံနက်ပိုင်းက ပေါင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ စတင်ထုတ်‌ချေးပေးခဲ့ရာ တောင်သူများအေးချမ်းစွာ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။

သဲကုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအချို့၌ ရေကြီးရေလျှံဖြစ်ပေါ်မှုအခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ချောင်းများအတွင်း ရေဝင်များကာ ရေကြီးရေလျှံဖြစ်ပေါ်ခဲ့မှု အခြေအနေများအား ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဘီးလင်းမြို့နယ်တွင် ရေကြီးနစ်မြုပ်ခဲ့သော ရပ်ကွက်/ကျေးရွာများရှိ တိရစ္ဆာန်များအတွက် အစာနုထောက်ပံ့ပေးအပ်

မွန်ပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဘီးလင်းမြို့နယ်အတွင် ဇူလိုင်လအတွင်း ရေကြီးနစ်မြုပ်ခံခဲ့ရသော ရပ်ကွက်/ကျေးရွာများရှိ တိရစ္ဆာန်များအတွက် တိရစ္ဆာန်အစာနုထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဘီးလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့် (၃) အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပေါင်မြို့နယ်ရှိ (အ.ထ.က) ရင်းငြိမ်ကျောင်းတွင် ယနေ့ နံနက်ပိုင်းက ပန်းခင်းစီမံချက်အဆင့် (၃) အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့ အ.ထ.က(၂) ၌ စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်စကားဝိုင်း ပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်/လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျိုက်ထိုမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

သထုံမြို့နယ်၌ ကျေးလက်နေအမျိုးသမီးများ ဝင်ငွေတိုးပွားစေရေး သက်မွေးဝမ်းကျောင်းအ‌ထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်း ဖွင့်လှစ်

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဥ်တစ်ခုအဖြစ် အခမဲ့ဖွင့်လှစ်သည့် ကျေးလက်နေအမျိုးသမီးများ ဝင်ငွေတိုးပွားစေရေး သက်မွေးအ‌ထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်က မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။

သံဖြူဇရပ်မြို့နယ် အမှတ်(၄)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ်(၄)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းတက်ရောက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အမှတ်(၄)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း၊ အမှတ်စဉ်(၄)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပရာ သင်တန်းဖွင့်ပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(တိုင်းဦးစီးချုပ်)၊ သံဖြူဇရပ်တပ်နယ်မှ တပ်နယ်မှူးနှင့်အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

မွန်ပြည်နယ်စီးပွားရေးရာဝန်ကြီး နိုင်လယိတမ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုအစားအစာနှင့် အဖျော်ယမကာဧည့်ခံကျွေးမွေးရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနား တက်ရောက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း(မော်လမြိုင်ဇုန်)နှင့် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်း(မော်လမြိုင်ဇုန်)တို့မှ ပူးပေါင်းစီစဉ်ဖွင့်လှစ်သော ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု အစားအစာနှင့် အဖျော်ယမကာဧည့်ခံကျွေးမွေးရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ Royal Hinthar Hotel ခန်းမ၌ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးနိုင်လယိတမ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနတာဝန်ရှိသူများ၊ မွန်ပြည်နယ်ဟိုတယ်လုပ်ငန်းရှင်များအသင်းမှဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဟိုတယ်မန်နေဂျာများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသူ/သင်တန်းသားများတက်ရောက်သည်။

ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံးသို့ သွားရောက်၍ ငှားရမ်းပေးခဲ့သည်။
Subscribe to မွန်ပြည်နယ်