မွန်ပြည်နယ်

မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ ကျေးရွာပေါင်းစုံ(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ ကျေးရွာပေါင်းစုံ အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၇ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်အားကစားပြိုင်ဝင်းရှိ မီတာ(၄၀၀)ဘောလုံးကွင်း၌ ကျင်းပသည်။

မွန်ပြည်နယ်တွင် ဆားထုတ်လုပ်မှု ဧက(၄၇၀၀)မှ ဆားတန်ချိန်(၄၅၀၀၀)ကျော်ထွက်ရှိ

မွန်ပြည်နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၌ ဆားထုတ်လုပ်မှုဧက (၄၇၀၀)မှ ဆားတန်ချိန် (၄၅၀၀၀) ကျော်ထွက်ရှိကာ ပြည်တွင်းဆားစားသုံးမှုလုံလောက်စွာ ရရှိသည့်အပြင် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်ချနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

မုဒုံမြို့၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲနှင့် အခြေခံစာကြည့်တိုက်ပညာဆင့်ပွားသင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲနှင့် အခြေခံစာကြည့်တိုက်ပညာ ဆင့်ပွားသင်တန်းကို သြဂုတ် ၆ ရက်နေ့က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖွင့်လှစ်သည်။

မုဒုံမြို့၌ အလှကုန်တားမြစ်ပစ္စည်းများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် အလှကုန်ပစ္စည်းများ တားမြစ်ထားသည့်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးအတွက် ယမန်နေ့နံနက်ပိုင်းက ရွှေဟင်္သာစျေးကြီး၌ ကွင်းဆင်းစစ်ဆေးသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားသို့ တက်ရောက်မည့် မွန်ပြည်နယ်ကိုယ်စားပြု ထူးချွန်လူငယ်များအား  ဩဝါဒအမှာစကားပြောကြားခြင်း အခမ်းအနား တက်ရောက်

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားသို့ တက်ရောက်မည့် မွန်ပြည်နယ်ကိုယ်စားပြု ထူးချွန်လူငယ်များအား  ဩဝါဒအမှာစကားပြောကြားခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အန္တရာယ်ကင်း အသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာအခမ်းအနားတက်ရောက်

မွန်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပ‌သော အန္တရာယ်ကင်း အသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို သြဂုတ် ၇ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ကျိုက်သလ္လံစေတီတော်ရင်ပြင် ပဋ္ဌာန်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊  ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်ဧည့်ပရိသတ်များ၊ ရပ်မိရပ်ဖများတက်ရောက်ခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်အတွင်းသို့ ပြည်ပ(ပင်လယ်ရေကြောင်း)မှ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၄/ ၂၀၂၄) တက်ရောက်

မွန်ပြည်နယ်အတွင်းသို့ ပြည်ပ(ပင်လယ်ရေကြောင်း)မှ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၄/ ၂၀၂၄) ကို သြဂုတ်လ ၆ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း စက်သုံးဆီတင်သွင်းခြင်းကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ သက်သာသောဈေးနှုန်းများဖြင့် စက်သုံးဆီများ ဖြန့်ဖြူး‌ရောင်းချနိုင်ရေးအထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ စက်သုံးဆီမှာယူမှု၊ သိုလှောင်မှု၊ ဖြန့်ဖြူးမှု၊ လက်ကျန်အခြေအနေတို့ကို စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်ပြီး စက်သုံးဆီပြတ်လပ်မှုမဖြစ်ပေါ်စေရေးတင်သွင်းလာမည့် စက်သုံးဆီများကိုလည်း ထိုက်သင့်သည့် ဈေးနှုန်းများဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချပေးနိုင်ရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်းသို့ ပြည်ပ(ပင်လယ်ရေကြောင်း)မှ စက်သုံဆီတင်သွင်းကာ သိုလှောင်ဖြန့်ဖြူးခြင်းဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။

ပေါင်မြို့နယ်၌ မြန်မာ့ရိုးရာယဥ်‌ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် (၂၅) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲကို ဩဂုတ်လ (၇) ရက် နံနက်ပိုင်းက (အထက)ပေါင်၊ ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို  စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများပေးအပ်

နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ်ထက်သန်စွာဖြင့် စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက  စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိသည်။

ပေါင်မြို့နယ်၌ တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် ၂၀၂၄ ခုနှစ် စိုက်ပျိုးစရိတ်ချေးငွေ‌ကို ဩဂုတ် ၆ ရက်နေ့နံနက်ပိုင်းက ပေါင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ စတင်ထုတ်‌ချေးပေးခဲ့ရာ တောင်သူများအေးချမ်းစွာ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်