မွန်ပြည်နယ်

ကျိုက္ခမီမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက ကျိုက္ခမီမြို့အခြေခံပညာအထက်တန်းကျောင်း၊ (ပညာ့ဗိမ္မာန်)ခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျိုက်ထိုမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ Mpox (မျောက်ကျောက်)ရောဂါအကြောင်း အသိပညာပေး‌ဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် Mpox (မျောက်ကျောက်) ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲများကိုပြုလုပ်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ Mpox(မျောက်ကျောက်) ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့သည်။

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၌ ပါဝင်ဆင်နွှဲကြသူများ၏ ရင်တွင်းစကားသံများ

“စာပေမြင့်မှလူမျိုးတင့်မည်”ဟူသည့်အတိုင်း ကျောင်းသားလူငယ်များ စာအုပ်စာပေတွင် နှစ်သက်မွေ့လျော်ကာ စာပေဗဟုသုတဖြင့် ပြည့်စုံသူများဖြစ်လာစေရန်အတွက် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ (ချောင်းဆုံ)အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဩဂုတ်လ ၂၃ ရက်နှင့် ၂၄ ရက်နေ့များတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ ပွဲတော်တွင်ပါဝင်ဆင်နွှဲခဲ့သူများ၏ ရင်တွင်းစကားသံများအား ဖော်ပြပေးလိုက်ပါသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၄ - ၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးဧကများအပေါ် မျိုးစပါးထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတက်ရောက်

စပါးသီးနှံတစ်ဧကအထွက်နှုန်းတိုးတက်ထွက်ရှိရေး၊ ဒေသဆန်ရိက္ခာဖူလုံရေးအတွက် မြို့နယ်အလိုက် ရေတိုရေရှည်စီမံကိန်းများ ချမှတ်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးဧကများအပေါ် မျိုးစပါးထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူလယ်သမားကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

ဘီးလင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်ငှားရမ်းပေးခြင်းများ လိုက်လံဆောင်ရွက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ဌာနအသီးသီးတို့မှ ဝန်ထမ်းများ စာအုပ်၊ စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံးသို့ သွားရောက်၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။

ကျန်းမာရေးအတွက် အကျိုးကျေးဇူးများသော ကင်ပွန်းချဉ်ရွက်စိုက်ပျိုးခြင်းဖြင့် တောင်သူများအဆင်ပြေ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကလိုင်းကနိုင်အပေါ်ရွာရှိ ဒေသခံတောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး သီးပင်စားပင်များ၊ မီးဖိုချောင်သုံးဟင်းသီးဟင်းရွက်ပင်များကို ရာသီအလိုက်စိုက်ပျိုးရောင်းချလျက်ရှိကြပြီး ထိုသို့စိုက်ပျိုးရာတွင် အရင်းအနှီးကုန်ကျစရိတ်သက်သာ၍ ဝင်ငွေရရှိလွယ်သော မီးဖိုချောင်သုံးဟင်းရွက်ဖြစ်သည့် ကင်ပွန်းချဉ်ရွက်ကို ယခုနှစ်မိုးရာသီ၌ စီးပွားဖြစ်အများအပြားစိုက်ပျိုးထားကြရာ တောင်သူများအနေဖြင့် မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံးသို့ သွားရောက်၍ ငှားရမ်းပေးခဲ့သည်။

သထုံမြို့နယ်၌ မျောက်ကျောက်ရောဂါကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်း မြေစိုက်ပိုစတာစိုက်ထူခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် Mpox(မျောက်ကျောက်)ရောဂါကာကွယ်ရေး ပညာပေးမြေစိုက် ပိုစတာစိုက်ထူခြင်း၊ လက်ကမ်းစာစောင်များ ဝေငှပေးခြင်း အသိပညာ‌ပေးဆွေးနွေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။

မုဒုံမြို့၌ သတ္တမအကြိမ်မြောက် ဝါခေါင်လ ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား ကျင်းပ

သတ္တမအကြိမ်မြောက် ဝါခေါင်လ ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ဂျုံးဂျုံးကျတောရကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ဘီးလင်းမြို့နယ်တွင် Mpox (မျောက်ကျောက်) ရောဂါအကြောင်း အသိပညာပေးခြင်းများ ဆောင်ရွက်

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် Mpox(မျောက်ကျောက်)ရောဂါအကြောင်း အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက်ပိုင်းက ဘီးလင်းမြို့ မင်္ဂလာစျေးအတွင်းရှိ စျေးခေါင်းရုံး၌ ကျင်းပပြုလုပ် ခဲ့သည်။
Subscribe to မွန်ပြည်နယ်