ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Mpox(မျောက်ကျောက်)ရောဂါအား နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (PHEIC) အဖြစ် ဩဂုတ်၁၄ ရက်တွင် သတ်မှတ်ကြေညာခဲ့သည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်း ပြည်ပနိုင်ငံဖြတ်ကျော် ဝင်ထွက်ပါက်များအပါအဝင် လူထုအတွင်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း တိုးမြှင့်ဆောင်ရွက်ခြင်း၊ သီးခြားထားရှိကုသမှုပေးခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ စုဆောင်းထားရှိခြင်း၊ ကျန်းမာရေးပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မော်လမြိုင်လေဆိပ်တွင် ပြည်သူ့ကျန်းမားရေးဦးစီးဌာနဝန်ထမ်းများ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ဝင်များက Mpox (မျောက်ကျောက်) ရောဂါကာကွယ်ရေးလုပ်ငန်းများနှင့် ပက်သက်၍ ကိုယ်အပူချိန်တိုင်းတာခြင်း (Mass Thermal Screening)၊ ပြည်တွင်း၊ ပြည်ပ ဆိုက်ရောက်ခရီးသည်များ၏ ကျန်းမာရေးကြေညာချက် (Health Declaration Form) အား ကျန်းမာရေးတာဝန်ရှိသူများက စစ်ဆေးခြင်း၊ ခရီးသည်များအား Mpox (မျောက်ကျောက်) ရောဂါနှင့်ပတ်သက်၍ နှိုးဆော်ထားရှိခြင်း အစရှိသော ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။