မွန်ပြည်နယ်

သထုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများ လိုက်လံဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ဌာနအသီးသီးတို့မှ ဝန်ထမ်းများ စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။

ကျိုက်မရော၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ၊ ပညာပေးဟောပြောပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ဘေးအန္တရာယ်ကင်းရှင်းစွာ ပညာသင်ကြားနိုင်ရေးနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို သိရှိလိုက်နာတတ်စေရန်ရည်ရွယ်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ပညာရေးဌာနတို့ပူးပေါင်း၍  ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.ကခွဲ(ကျိုက်မရော)ကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့(ကျိုက္ကော်)အ‌ခြေခံပညာအထက်တန်းကျောင်း၌  ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့တွင် တာဝန်ရှိသူများနှင့်ပညာရေးဌာနတို့ပူးပေါင်းကာ ကျောင်းသားကျောင်းသူများအား ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျိုက္ကော်ရပ်ကွက်ရှိ အ.ထ.က(ကျိုက္ကော်)ကျောင်း၊ ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများအကြောင်း သိကောင်းစရာများနှင့် မျိုးချစ်စိတ်ဓာတ်ထက်မြက်ရေး၊ ဗလငါးတန်ကြံ့ခိုင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မွန်ပြည်နယ် မော်လမြိုင်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၃၈) မူးယစ်တပ်ဖွဲ့စု (မော်လမြိုင်) တို့ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် ဆိုးကျိုးများအကြောင်း သိကောင်းစရာများနှင့် မျိုးချစ်စိတ်ဓာတ်ထက်မြက်ရေး၊ ဗလငါးတန်ကြံ့ခိုင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ် အခန်း(၁၅)ပင်မဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျိုက်ထိုမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဥပဒေဆိုင်ရာ မှုခင်းအသိပညာပေးဟောပြောပွဲပြုလုပ်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဥပဒေဆိုင်ရာ မှုခင်းများနှင့် ပတ်သက်၍ သိရှိနားလည်စေရန် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနား တက်ရောက်

၂၀၂၄- ၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း၊ ဦးသာညှင်းခန်းမတွင် ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။

မုဒုံမြို့၌ ရော်ဘာပင်များအား မိုးကာအုပ်အစေးခြစ်နည်း ကွင်းသရုပ်ပြပွဲကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ရော်ဘာအထွက်နှုန်းတိုးတက်မြင့်မားစေရန် ရော်ဘာပင်များအား မိုးကာအုပ်အစေးခြစ်နည်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက ကျိုက်ရွဲကျေးရွာရှိ စိုက်ကွက်အမှတ်(၈)၌ ကျင်းပသည်။

ကျိုက်မရော၌ အခြေခံစားသုံးကုန်နှင့် စားအုံးဆီများ သင့်တင့်မျှတသောစျေးဖြင့် ဖြန့်ဖြူးရောင်းချပေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ အခြေခံစားသုံးကုန်များနှင့် ဆီများကို ဒေသခံပြည်သူများ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စျေးနှုန်းတည်ငြိမ်ရေးကော်မတီမှ သင့်တင့်မျှတသောစျေးနှုန်းဖြင့် အပတ်စဥ်ရောင်းချပေးလျှက်ရှိသည်။

မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အားကစားပြိုင်ဝင်းအတွင်းရှိ မီတာ (၄၀၀) ဘောလုံးကွင်း၌ ကျင်းပသည်။

ချောင်းဆုံမြို့နယ်၌ ၂၀၂၄ ခုနှစ် အသက်(၁၈)နှစ်အောက် ကျောင်းသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ထူးချွန်သည့် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးအတွက် ၂၀၂၄ ခုနှစ် မြို့နယ်ပညာရေးမှူးဖလား အသက်(၁၈)နှစ်အောက် ကျောင်းသားဘောလုံးပြိုင်ပွဲကို ဩဂုတ်လ (၁၅) ရက်နေ့က စတင်ကျင်းပခဲ့ရာ ယမန်နေ့ ညနေပိုင်းတွင် ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို မြို့နယ်မီတာ(၄၀၀)အားကစားကွင်းတွင် ကျင်းပခဲ့သည်။
Subscribe to မွန်ပြည်နယ်