မုဒုံ သြဂုတ် ၂၈
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အားကစားပြိုင်ဝင်းအတွင်းရှိ မီတာ (၄၀၀) ဘောလုံးကွင်း၌ ကျင်းပသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ဘောလုံးအသင်း (၁၂) သင်းတို့က လေးအုပ်စုခွဲ၍ ပတ်လည်ယှဥ်ပြိုင်ကြပြီး ဗိုလ်လုပွဲစဥ်တွင် မြို့မ(၁)အသင်းနှင့် တာပသွန်ကျေးရွာအသင်းတို့ ယှဥ်ပြိုင်ခဲ့ရာ မြို့မ(၁)အသင်းက တာပသွန်ကျေးရွာအသင်းကို (၃)ဂိုး (၁)ဂိုးဖြင့် အနိုင်ရ ဗိုလ်ဆွဲခဲ့သည်။
ဆက်လက်၍ ဆုပေးပွဲကိုကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပွဲစဥ်တစ်လျှောက် အကောင်းဆုံးကစားသမားဆု၊ အကောင်းဆုံးအရှေ့တန်း၊ အလယ်တန်း၊ အနောက်တန်းကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆု၊ တံခွန်စိုက်ဒိုင်းဆု၊ တစ်ဦးချင်းဆု၊ အသင်းလိုက်ငွေသားဆု ပထမ၊ ဒုတိယ၊ တတိယဆုများကို ဆုရအသင်းများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)