သံဖြူဇရပ်မြို့နယ် စာစစ်ဌာနများ၌ Grade ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲ ဒုတိယနေ့ဖြေဆို

သံဖြူဇရပ် ဖေဖော်ဝါရီ ၂၄

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲ ဒုတိယ​နေ့ အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့နံနက်ပိုင်းက စာစစ်ဌာနအသီးသီးတွင် ဆက်လက်ဖြေဆိုခဲ့ကြသည်။

သံဖြူဇရပ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စာစစ်ဌာန (၂၃) ခုတို့တွင် Grade-5 ကျောင်းသား၊ ကျောင်းသူ (၂၉၈၇) ဦးနှင့် Grade-9 ကျောင်းသား၊ ကျောင်းသူ (၃၅၁) ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၃၃၃၈) ဦးတို့မှ ယနေ့ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို အေးချမ်းစွာဖြင့် ဆက်လက်ဖြေဆိုခဲ့ကြပြီးး၊ အုပ်ချုပ်ရေးမှူးများနှင့် ကျောင်းအကျိုးတော်ဆောင်များမှလည်း အေးချမ်းစွာဖြေဆိုနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့် စာဖြေကျောင်းသား၊ ကျောင်းသူများအား နေလယ်စာအဟာရများ ကျွေးမွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)