မွန်ပြည်နယ်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း Grade-11 နှင့် Grade-12 သင်ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းအမှတ်စဉ်(၁)ဆင်းပွဲအခမ်းအနား တက်ရောက်

ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Grade 11 နှင့် Grade 12 သင်ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းအမှတ်စဉ်(၁)ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း ယင်းမာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ဆရာ၊ ဆရာမများ တက်ရောက်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်အတွင်း ဆောင်းဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာတို့အား ပိုမိုအလေးထား စိုက်ပျိုးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မွန်ပြည်နယ်အတွင်း ဆောင်းဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာတို့အား ပိုမိုအလေးထား စိုက်ပျိုးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။

ပေါင်မြို့နယ်၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယနေ့မွန်းလွဲ(၁)နာရီက (အ.မ.က) ပေါင်ဘူတာကျောင်း၌ ပြုလုပ်ခဲ့သည်။

သထုံမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက လိပ်အင်းရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ လှမဉ္ဇူခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်ပိုစတာ ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ကျောင်သား/သူများ အသိပညာဗဟုသုတများ ပြည့်စုံစေရန် စာဖတ်ရှိန်မြှင့်တင်ရေး​ ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့က အ.မ.က (ကုက္ကိုတန်း) စာသင်ကျောင်း၌ ပြုလုပ်သည်။

မော်လမြိုင်မြို့၊ ပါရမီကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျောင်းသားကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်း ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ အသိပညာ ဗဟုသုတ မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယနေ့ နံနက်ပိုင်းက ပါရမီကိုယ်ပိုင် အထက်တန်းကျောင်း၊ ပီတိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ မီးခိုး/ မြူငွေ့လျှော့ချရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေးနှင့် လျော့နည်းစေရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ သထုံခရိုင်သစ်တောဦးစီးဌာနမှ ဦးဆောင်၍ မီးခိုး/ မြူငွေ့လျှော့ချရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေးနှင့်လျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက (အထက) ပေါင်ရွှေရတုခန်းမ၌ ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက သမဝါယမဦးစီးဌာနရုံးသို့ သွားရောက်၍ ငှားရမ်းပေးခဲ့သည်။

ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာ၌ မီးလောင်ကျွမ်းမှုဖြစ်ပွား

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာရပ်ကွက်(၁၀)တွင် ယမန်နေ့ ညနေ (၆း၄၅) နာရီကမီးလောင်မှုစတင်ဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများမှ မီးသတ်ယာဉ် (၃) စီးနှင့် ရေသယ်ယာဉ် (၆) စီးတို့ဖြင့်ပူးပေါင်း၍ မီးငြိမ်းသတ်ခဲ့သည့်အတွက် ည(၇း၄၂) နာရီ အချိန်တွင် လုံးဝ မီးငြှိမ်းသွားခဲ့ကြောင်း  သိရသည်။

သထုံမြို့နယ်တွင် ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ယနေ့နံနက်ပိုင်းက သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာရှိ (ကျောက်တန်း) အခြေခံပညာမူလတန်း‌လွန်ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။
Subscribe to မွန်ပြည်နယ်