မွန်ပြည်နယ်

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၌ မသိုးသင်္ကန်းရက်လုပ် ပူဇော်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၌ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲကို နိုဝင်ဘာ (၁၄)ရက် ညပိုင်း၌ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။

တန်ဆောင်မုန်းလပြည့်(သာမညဖလအခါတော်နေ့)တွင် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီး၌ ဆွမ်းအိုးမျှော်ကပ်လှူပွဲနှင့် စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေး ကုလိုလ်ယူ

မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ တန်ခိုးကြီးဘုရားများ၏ ဗုဒ္ဓပူဇနိယပွဲတော်များကို နှစ်စဉ်အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ  တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့)မတိုင်မီ အဖိတ်နေ့နှင့် လပြည့်နေ့တို့တွင် ဆီမီးများထွန်းညှိပူဇော်ခြင်း၊ တန်ဆောင်မုန်းလပြည့်နေ့နံနက် အရုဏ်တက်ချိန် ရှင်ဥပဂုတ္တမထေရ်မြတ်အား ဆွမ်းအိုးမျှောကပ်လှူပူဇော်ခြင်းနှင့် မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်သည့် အခါကြီးရက်ကြီးတွင် ဘုရားဖူးပြည်သူများ၊ ခရီးသွားပြည်သူများ အာဟာရဒါနစတုဒိသာများဖြင့် ရပ်ကွက်နှင့် ကျေးရွာလမ်းများ၊ တောင်ရိုးတန်းတစ်လျှောက်တွင် ဧည့်ခံကျွေးမွေးခြင်းဖြင့် ကုသိုလ်ယူကြသည်။

သုဝဏ္ဏဝတီမြို့ ရွှေဘုံသာစေတီတော်မြတ်ကြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားစွာကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်ရှိ ရွှေဘုံသာစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို နိုဝင်ဘာလ ၁၅ ရက် (တန်ဆောင်မုန်းလပြည့်နေ့) နံနက်ပိုင်းက အဆိုပါစေတီတောမြတ်ကြီး ရင်‌ပြင်‌တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ရှင်ဥပဂုတ္တမထေရ်မြတ် ပူဇော်ပွဲ၊ ဆွမ်းအိုးမျှောပွဲနှင့် ကွမ်ရိုက်ကျေးရွာ ကျိုက်တမော့လဲ့စေတီတော်မြတ် (၂၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ တက်ရောက်

တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါသမယ)တွင် မွန်ပြည်နယ်ရှိ အထင်ကရ တန်ခိုးကြီးဘုရား၊ စေတီများတွင် ဘုရားဖူးကုသိုလ်ယူကြသူများ၊ မြို့နယ်အသီးသီးတွင် ပျော်ပွဲရွှင်ပွဲများ၊ စတုဒိသာကျွေးမွေးခြင်းများဖြင့် စည်ကားလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ ဆိပ်ကမ်းသာတံတားတွင် ကျင်းပသည့် ရှင်ဥပဂုတ္တမထေရ်မြတ် ပူဇော်ပွဲနှင့် ဆွမ်းအိုးမျှောပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့သည်။

တန်ဆောင်မုန်းလပြည့်နေ့တွင် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်၌ တန်ဆောင်မုန်းလပြည့် (သာမညဖလ) အခါတော်နေ့တွင် ဘုရားဖူးပြည်သူများ စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

သထုံရွှေစာရံစေတီတော်မြတ်ကြီး တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့၏ကျက်သရေဆောင် လေးဆူဓာတ်စံရွှေစာရံ စေတီတော်မြတ်ကြီး၏ ၁၃၈၆ ခုနှစ်၊ မြို့လုံးကျွတ် တန်ဆောင်တိုင် ဆွမ်းကြီးလောင်းပွဲတော်ကို ယမန်နေ့ (တန်ဆောင်မုန်းလပြည့်နေ့) နံနက်က စေတီတော်မြတ်ကြီးရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

ကျိုက်မရောမြို့ အထ္တရံ မြစ်ကမ်းနား၌ အကြိမ်(၄၀)မြောက် မြို့လုံးကျွတ်ဆွမ်းအိုးမျှောပွဲစည်ကား သိုက်မြိုက်စွာကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အထ္တရံမြစ်ကမ်း၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးအား ပူဇော်ပွဲနှင့် မြို့လုံးကျွတ်ဆွမ်းအိုးမျှောပွဲကို တန်ဆောင်မုန်းလပြည့်နေ့ နံနက် ၄ နာရီ၌ အထ္တရံမြစ်ကမ်းရှိ ရှင်ဥပဂုတ္တမထေရ်မြတ်ကြီး တည်ထားရာ ကျောင်းဆောင်သစ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

သထုံမြို့၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို နိုဝင်ဘာလ (၁၄) ရက်နေ့ နံနက်ပိုင်းက သိမ်ကုန်းရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ဉာဏ်ဝေယံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်း

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ နံနက်(၈)နာရီက ပေါင်မြို့နယ်၊ ဖြူဘကျေးရွာ၌ ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂ဝ၂၄ခုနှစ်၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲ အခမ်းအနား တက်ရောက်

မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၂ဝ၂၄ ခုနှစ်၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ မဟာမြတ်မုနိဘုရားဝင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ MSME လုပ်ငန်းရှင်များ တက်ရောက်သည်။
Subscribe to မွန်ပြည်နယ်