မွန်ပြည်နယ်

မွန်ပြည်နယ်၊ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၅ ခုနှစ်၊ (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဝန်ကြီးချုပ်ဖလား အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားတက်ရောက်

မွန်ပြည်နယ်တွင် အားကစားကဏ္ဍ ​တိုးတက်အောင် မြင်မှုရှိ​စေ​​ရေးနှင့် ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ် အားကစားသမားများကို ​ပြုစုပျိုး​ထောင်​​မွေးထုတ်​ပေးနိုင်​ရေးအတွက် ၂၀၂၅ ခုနှစ်၊ (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ​မတ်လ ၈ ရက်​နေ့၊ ည​နေပိုင်းက၊ ​မော်လမြိုင်မြို့၊ ရာမည အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ​ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ပြည်နယ်ဝန်ကြီးများနှင့် အားကစားဝါသနာရှင်များမှ ​မော်လမြိုင်တက္ကသိုလ် ဘောလုံးအသင်းနှင့် ​​နည်းပညာတက္ကသိုလ် ဘောလုံးအသင်းတို့ ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်​ကစား​​နေမှုအား ကြည့်ရှုအား​ပေးခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေး၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနား တက်ရောက်

မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြေသော အခြေခံပညာစာသင်ကျောင်းများအား ဖော်ဆောင်ပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၅) အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းဝင်းအတွင်းနှင့် ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များ၊ အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်ပေးနေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

မော်လမြိုင်မြို့နယ် အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၌ မြန်မာ့သနပ်ခါးအကြောင်း သိကောင်းစရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

မြန်မာ့ သနပ်ခါးကို အမြတ်တနိုးတန်ဖိုးထားလိမ်းခြင်း ဖြင့် မြန်မာ့ရိုးရာအမွေအနှစ်ဆင်ယင်ထုံးဖွဲ့မှု ဓလေ့စရိုက်များထဲတွင် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် ထင်ရှားလာအောင် ပြည်သူများအားလုံးပါဝင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မော်လမြိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မွန်ပြည်နယ် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ မြန်မာ့သနပ်ခါးယဉ်ကျေးမှု ဓလေ့လှုပ်ရှားမှုအထိမ်းအမှတ် မြန်မာသနပ်ခါးအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းများ ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး မီးဘေးကြောင့် ပျက်စီးဆုံးရှုံးမှုမှကင်းဝေးစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးမျိုးဇော်ဦးနှင့်ဝန်ထမ်းများက မတ်လ(၇)ရက်နေ့က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံရေး ဦးစီးဌာနရုံးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေအား စစ်ဆေးခြင်း၊ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သထုံမြို့နယ်၌ မဲစာရင်းမှန်ကန်ရေးနှင့် မြေပြင်လူဦးရေစိစစ်အတည်ပြုနိုင်ရေး မြေပြင်စိစစ်မည့်လုပ်ငန်းစဉ်များ ရှင်းလင်းခြင်း အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှကြီးမှူး၍ မဲစာရင်းမှန်ကန်ရေးနှင့် မြေပြင်လူဦးရေစိစစ် အတည်ပြုနိုင်ရေး မြေပြင်စိစစ်မည့်လုပ်ငန်းစဉ်များ ရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆရာဝန်ကြီးများမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆေးကုသပေးနေမှုကြည့်ရှုအားပေး

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် ယမန်နံနက်ပိုင်းက ၂၀၂၅ ခုနှစ် မတ်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မွန်ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီး (ကုတင်၅၀၀)၊ အမျိုးသမီးနှင့် ကလေးအထူးကု ဆေးရုံကြီးတို့မှ အထူးကုဆရာဝန်ကြီးများသည် အသက် (၅၀)နှင့်အထက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စွမ်းစွမ်းတမံ ‌‌ ဆောင်ရွက်ပေးခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ (အခမဲ့) ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းကို မော်လမြိုင်ပြည်သူ့ ဆေးရုံကြီး (ကုတင်၅၀၀)၌ ဆောင်ရွက်ပေးနေမှု အပေါ်ကြည့်ရှုအားပေးခဲ့သည်။

မော်လမြိုင်မြို့နယ်၌ မြန်မာသနပ်ခါးအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မြန်မာ့သနပ်ခါးကို အမြတ်တနိုးတန်ဖိုးထား လိမ်းခြင်းဖြင့် မြန်မာ့ရိုးရာအမွေအနှစ် ဆင်ယင်ထုံးဖွဲ့မှု ဓလေ့စရိုက်များထဲတွင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု​အမွေအနှစ်တစ်ခုအဖြစ် ထင်ရှားလာအောင် ပြည်သူများအားလုံး ပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မော်လမြိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မွန်ပြည်နယ် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့လှုပ်ရှားမှု အထိမ်း အမှတ် မြန်မာသနပ်ခါးအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း ရတနာမွန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးလုံခြုံရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အညီ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဇေယျာမွန်ရပ်ကွက်အတွင်းရှိ နေအိမ်များ၊ စက်ရုံအလုပ်ရုံများ၊ ဈေးများ၊ မီးဘေးလုံခြုံရေးအတွက် အသိပညာပေးကွင်းဆင်းစစ်ဆေးခြင်းကို ယမန်‌နေ့မွန်လွဲပိုင်းက ဆောင်ရွက်ခဲ့သည်။

မုဒုံမြို့၌ နွေရာသီအားကစားနည်းသင်တန်း(၁၃)ခု အခမဲ့ဖွင့်လှစ်သင်ကြားပေးမည်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်များ၌ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားကစားနည်း(၁၃)ခုကို  မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အခမဲ့ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။

ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဆိပ္ဖူးတောင်ပရဟိတ လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု သနပ်ခါးအလှလိမ်းခြယ်ပြိုင်ပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်လုံးဆိုင်ရာ မွန်၊ ကရင်၊ ပအို့ဝ်၊ ဗမာတိုင်းရင်းသားလူမျိုးများ စာပေယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့မှ မြန်မာ့ရိုးရာယဉ်ကျေးမှု သနပ်ခါးအလှလိမ်းခြယ်ပြိုင်ပွဲကို ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲတွင် ဆိပ္ဖူးတောင်ပရဟိတ လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ထူးခန်းမ) ၌ ကျင်းပခဲ့သည်။
Subscribe to မွန်ပြည်နယ်