မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့နှင့်ပတ်သက်သော လှုပ်ရှားဆောင်ရွက်မှု အခမ်းအနား တက်ရောက်
မြန်မာ့သနပ်ခါးယဉ်ကျးမှုဓလေ့ကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် ထင်ရှားလာရေးအတွက် ပြည်သူအားလုံးပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့လှုပ်ရှားဆောင်ရွက်မှုအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌ ကျင်းပသည်။