မွန်ပြည်နယ်

ကျိုက်မရောမြို့နယ်ရှိ ရပ်ကွက်များသို့ သောက်သုံးရေများအခမဲ့ဖြန့်ဝေပေး

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့  သန့်ရှင်းသောသောက်ရေများအသုံးပြုနိုင်စေရန်အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်မရောမြို့နယ်ဦးစီးမှူးရုံးက သောက်သုံးရေဂါလံစုစုပေါင်း(၁၀၈၀၀)ကို  ယနေ့နံနက်က ရပ်ကွက်များအတွင်းသို့ လှည့်လည်ကာ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်၌ မြန်မာ့ရိုးရာသနပ်ခါး ယဉ်ကျေးမှုဓလေ့လှုပ်ရှားမှု အခမ်းအနားဆောင်ရွက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ မြန်မာ့ရိုးရာသနပ်ခါးယဉ်ကျေးမှုကို ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့အမွေအနှစ် စာရင်းတင်သွင်းနိုင်ရေးအတွက် လှုပ်ရှားဆောင်ရွက်မှုအနေဖြင့် မြန်မာ့ရိုးရာသနပ်ခါးနေ့အခမ်းအနားကို ယနေ့နံနက် (၉)နာရီက ချောင်းဆုံ(အ.ထ.က)ကျောင်း သီရိရတနာခန်းမတွင်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မြန်မာ့သနပ်ခါးလှုပ်ရှားမှုအဖြစ်​ မြန်မာ့သနပ်ခါးအကြောင်းသိ​ကောင်းစရာဟော​ပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ မြန်မာ့ယဉ်ကျေးမှုဓလေ့ကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ်ထင်ရှားလာစေရန်ရည်ရွယ်၍ မြန်မာ့သနပ်ခါးယဉ်​ကျေးမှုဓ​လေ့လှုပ်ရှားဆောင်ရွက်မှုအဖြစ် မြန်မာ့သနပ်ခါးအ​ကြောင်းသိ​ကောင်းစရာ​ဟော​ပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းကမြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအ‌ခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း(Grade-12)စာမေးပွဲအား စာစစ်ဌာန(၂)ခု၌ ကျောင်းသား၊ ကျောင်းသူ(၇၆၂ )ဦး ဝင်ရောက်ဖြေဆိုမည်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲကို စာစစ်ဌာန(၂)ခုတို့၌ ကျင်းပမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူ (၇၆၂)ဦးတို့ ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း သိရသည်။

ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် သနပ်ခါးအလှမယ်ပြိုင်ပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သနပ်ခါးအလှမယ်ပြိုင်ပွဲကို အ.ထ.က(ပေါင်)ရွှေရတုခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

မော်လမြိုင်မြို့၌ Bow ကလစ်ပြုလုပ်နည်း သင်တန်းဖွင့်လှစ်

မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော Bow ကလစ်ပြုလုပ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို မော်လမြိုင်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။

ချောင်းဆုံမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မြန်မာ့သနပ်ခါးနေ့ လှုပ်ရှားမှုဆောင်ရွက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းကာ မြန်မာ့ရိုးရာသနပ်ခါးကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့အမွေအနှစ် စာရင်းဝင်နိုင်ရေးအတွက် အကြိုလှုပ်ရှားဆောင်ရွက်မှုအနေဖြင့် ယနေ့နံနက် (၁၁)နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင်  မြန်မာ့ရိုးရာသနပ်ခါးနေ့ လှုပ်ရှားမှုဆောင်ရွက်ခဲ့ကြသည်။

မုဒုံမြို့၌ လူငယ်များစဉ်းစားတွေးခေါ်မှုမြင့်မားစေရန် စစ်တုရင်သင်တန်းဖွင့်လှစ်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစစ်တုရင်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဆရာတော် ဘဒ္ဒန္တက္ကန္ဒဝံသမဟာထေရ်တော်မြတ်ကြီး၏ ရုပ်ကလပ်တော်အားဖူးမြော်

မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကမာဝက်မြို့  ခြင်္သေ့ကျောင်း၌ ဘဝနတ်ထံ ပျံလွန်တော်မူသွားသော ကမာဝက်တိုက်နယ် ရွှေကျင်ဂိုဏ်းဥက္ကဋ္ဌ၊ ရတ္တမဟာနာယက  ကျိုက်တမော့တောင်ပေါ်ကျောင်း ဆရာတော်ဘဒ္ဒန္တဣန္ဒဝံသမဟာထေရ်၊ သက်တော် (၉၃)နှစ်၊ သိက္ခာတော် (၇၄)၏ ရုပ်ကလာပ်တော်အား ယမန်နေ့က မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ ဖူးမြော်ကန်တော့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းဈေး မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနား တက်ရောက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂၀၂၅ခုနှစ် စျေးမီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အောက်လမ်းမကြီး အမှတ်(၁) ဈေးကြီးအတွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  ဈေးသူ၊ ဈေးသားများနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းတွင်ပါဝင်သော တပ်ဖွဲ့/ဦးစီးဌာန၊ အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
Subscribe to မွန်ပြည်နယ်