မွန်ပြည်နယ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချစ်ကြည်ရေးဘော်လီဘောပြိုင်ပွဲ ယှဉ်ပြိုင်နေမှု ကြည့်ရှုအားပေး ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှုကော်မတီ ဆဋ္ဌမအကြိမ်အစည်းအဝေး တက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ချစ်ကြည်ရေးဘောလီဘောပြိုင်ပွဲ ယှဉ်ပြိုင်နေမှုတို့ကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများပေးအပ်၍ အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

ချောင်းဆုံမြို့နယ်၌ တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်ဆန်းစစ်စီမံခြင်း အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာများ၊ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းတတ်စေရန်၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်များကို ကူညီဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်ဆန်းစစ်စီမံခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က ကရင်ဝင်းစိန်ကျေးရွာ ကရင်စာပေခန်းမတွင်ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ချောင်းဆုံမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီက  အ.ထ.က(ချောင်းဆုံ) ကျောင်း သီရိရတနာခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ)နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့သည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.က (၁)ကျောင်းရှိ ရှင်အရဟံခန်းမ၌ ကျင်းပခဲ့သည်။

မုဒုံမြို့၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်က မြို့မ(၄)ရပ်ကွက်ရှိ ကန်ကြီးသုဿာန်ဝင်းမြေနေရာ၌ ကျင်းပသည်။

မုဒုံမြို့၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို မေလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီက ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။

သထုံမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က သထုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပရာ သထုံခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး သန့်ဇင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးစိုး၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပညာရေးဌာနမှဝန်ထမ်းများ၊ ဆရာ/မများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

သထုံမြို့ လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီး၌ မဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့၏ ကျက်သ‌ရေဆောင် လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီး၏ မဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက်က စေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်ရှိ သုဝဏ္ဏဘူမိသာသနာ့ဗိမာန်တော်၌ စတင်ကျင်းပပြုလုပ်ခဲ့ကြသည်။

မွန်​​ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့နယ်၌ ပန်းခင်း စီမံချက် အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းနှင့် e-ID စနစ်ဖြင့် Biographic/ Biometric ကွင်းဆင်းကောက်ယူနေမှုကြည့်ရှုအားပေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းနှင့် e-ID စနစ်ဖြင့် Biographic/ Biometric ကွင်းဆင်းကောက်ယူခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်း ယင်းမာခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုက်မရော၌ ယိုးဒယားဒူးရင်းသီးများ စတင်ထွက်ရှိပြီး စျေးကောင်းရရှိ

ကျိုက်မရောမြို့နယ်တွင် ဒေသထွက်ယိုးဒယားဒူးရင်းသီးများ စတင်ထွက်ရှိလာပြီး ပေါ်ဦးပေါ်ဖျား စျေးကောင်းရရှိနေကာ ဒူးရင်းသီးခြံရှင်များ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်