မုဒုံမြို့၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

မုဒုံ မေ ၂၆

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို မေလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီက ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။

ဟောပြောပွဲတွင် မုဒုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံဦးညီလွင်အေးက စားသုံးသူများ၏အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပါကြောင်း၊ စားသုံးသူအခွင့်အရေး ()ချက် အကြောင်းအရာများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများ၊ စားသုံးသူထိခိုက်နစ်နာလျှင် တိုင်ကြားနိုင်မည့်နည်းလမ်းများ၊ အွန်လိုင်းစျေးရောင်းချမှုနှင့်ပတ်သက်၍ သုံးစွဲသူများသိရှိရမည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဟောပြောပွဲကို သင်တန်းကျောင်းမှ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး စားသုံးသူအခွင့်အရေးများနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)