မွန်ပြည်နယ်

မုဒုံမြို့နယ်တွင် မီးဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့

မွန်ပြည်နယ် မုဒုံမြို့နယ် မြို့မ (၁) ရပ်ကွက် စာစင်အလယ်ပိုင်းတွင် မတ်လ ၃၀ ရက်နေ့က မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံးမီးလောင်ဆုံရှုံးခဲ့ရာ ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက မီးဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့ငွေများ သွားရောက်ပေးအပ်သည်။

သံဖြူဇရပ်၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် သတ်မှတ်စည်းမျဉ်းစည်းကမ်းများအတိုင်း Filling Queue စနစ်ဖြင့် စတင်ရောင်းချစေရေး မြေပြင်ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ယမန်နေ့မှ စတင်၍ သံဖြူဇရပ်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် Filling Queue စနစ်ဖြင့် ရောင်းချပေးနေမှုအားသွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့သည်။

မုဒုံမြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတည်ဆောက်နိုင်ရေး မြေယာလျော်ကြေး၊ သီးနှံလျော်ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ကမ်းရိုးတန်းသွား အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတည်ဆောက်ရေးအတွက် စီမံကိန်းဧရိယာအတွင်း ပါဝင်သည့် လယ်မြေများအတွက် မြေယာလျော်ကြေး၊ သီးနှံလျော်ကြေးပေးချေနိုင်ရေးအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ရွှေဟင်္သာခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်/ မြို့ နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်ကြသည်။

ကျိုက်ထိုမြို့နယ်တွင် “စုံ” ရက် “မ” ရက် ခွဲခြား၍ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ မောင်းနှင်စေခြင်း ထုတ်ပြန်ကြေညာချက်အား ပြည်သူများမှ လိုက်နာဆောင်ရွက်နိုင်စေရန် ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် “စုံ” ရက် “မ” ရက် ခွဲခြား၍ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ မောင်းနှင်စေခြင်း ထုတ်ပြန်ကြေညာချက်အား ပြည်သူများမှ လိုက်နာဆောင်ရွက်နိုင်စေရန် ကွင်းဆင်းစစ်ဆေးကိုယမန်နေ့ နံနက်ပိုင်းကတောင်သူစုရပ်ကွက်၊ ကျိုက်ထီးရိုးလမ်းစုံ၌ ဆောင်ရွက်ခဲ့သည်။        

ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စက်ရုံအလုပ်ရုံများ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အညီ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် စက်ရုံအလုပ်ရုံများ မီးဘေးလုံခြုံရေးအတွက် အသိပညာပေးကွင်းဆင်းစစ်ဆေးခြင်းကို မတ်   ၃၁ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

သံဖြူဇရပ်မြို့နယ်၌ Fire Hotspot လျှော့ချရေး အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ မီးလောင်မှု Fire Hotspot လျှော့ချရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ မော်လမြိုင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ မော်လမြိုင်ခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး၊ မြို့နယ်ဌာနဆိုင်ရာများနှင့် အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ပြည်နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့များက မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် အကအလှများ ဖျော်ဖြေနိုင်​ရေးနှင့် ယိမ်းအကများဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်လေ့ကျင့်

၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်း လမ်းလျှောက်သင်္ကြန်ပွဲတော်အား စည်းကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ မော်လမြိုင်မြို့နယ်အတွင်း ဗဟိုမဏ္ဍပ်ဆောက်လုပ်ခြင်း၊ လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်၊ လက်ဖက်သင်္ကြန်၊ ထမနဲသင်္ကြန်များ ပြုလုပ်ဆောင်ရွက်ခြင်း၊ ရေကစားမဏ္ဍပ်များ ဆောင်ရွက်ခြင်း၊ စတုဒိသာကျွေးမွေးဆောင်ရွက်ခြင်းနှင့် နှစ်ဆန်း(၁)ရက်နေ့တွင် ပရိတ်တရားတော်နာယူခြင်း သက်ကြီးဘိုးဘွားပူဇော်ခြင်းနှင့် ဇီဝိတဒါန ငါးလွှတ်ခြင်းများ ကျင်းပသွားမည်ဖြစ်သည်။

ပေါင်မြို့နယ်၌ ယခုနှစ်မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲ‌တော်ကို လမ်း‌လျှောက်သင်္ကြန်အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား နိုင်ငံတစ်ဝန်းလုံး၌ နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြမည်ဖြစ်ရာ မွန်ပြည်နယ် ပေါင်မြို့နယ်၌လည်း စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများကို အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ယမန်နေ့မွန်းလွဲ(၂)နာရီက  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးထင်လင်း‌အောင်နှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။

သထုံမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်က သထုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

သထုံမြို့နယ်တွင် စက်သုံးဆီများအား သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေး

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် ပြည်သူများထံ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိကို တာဝန်ရှိသူများပူးပေါင်း၍ ယမန်နေ့ မွန်းလွဲပိုင်းက လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်