မုဒုံ ဧပြီ ၂
မွန်ပြည်နယ် မုဒုံမြို့နယ် မြို့မ (၁) ရပ်ကွက် စာစင်အလယ်ပိုင်းတွင် မတ်လ ၃၀ ရက်နေ့က မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံးမီးလောင်ဆုံရှုံးခဲ့ရာ ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက မီးဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့ငွေများ သွားရောက်ပေးအပ်သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မုဒုံမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်အောင်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မီးလောင်မှုကြောင့် လူနေအိမ်တစ်လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ နှစ်သိန်းကျပ်၊ မီးဘေးသင့်လူဦးရေအတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုးငွေများ စုစုပေါင်းထောက်ပံ့ငွေကျပ် (၃၁၃၉၆၈) ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)