သံဖြူဇရပ်၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် သတ်မှတ်စည်းမျဉ်းစည်းကမ်းများအတိုင်း Filling Queue စနစ်ဖြင့် စတင်ရောင်းချစေရေး မြေပြင်ကွင်းဆင်းစစ်ဆေး

သံဖြူဇရပ် ဧပြီ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ယမန်နေ့မှ စတင်၍ သံဖြူဇရပ်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် Filling Queue စနစ်ဖြင့် ရောင်းချပေးနေမှုအားသွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးပြေငြိမ်းဦးနှင့် တာဝန်ရှိသူများက မြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေးအတွက် ဈေးနှုန်းမှန်ကန်စွာရောင်းချရေး၊ ဆီပြတ်လပ်မှုများ မဖြစ်ပေါ်စေရေးအတွက် ပေပါများ၊ ပုံးများဖြင့် မရောင်းချရေး၊ ဆီလက်ကျန်စာရင်းနှင့် ရောင်းချမှုစာရင်းများအား စစ်ဆေးခြင်း၊ စက်သုံးဆီဝယ်ယူရာတွင် ယာဉ်လိုင်စင်သက်သေခံဝှီးတက် (သို့မဟုတ်) အုံနာဘုတ်ပြသစေ၍ စစ်ဆေးရောင်းချသွားရန်၊ စုံ၊ မခွဲခြားမောင်းနှင်မှုစနစ်အား လိုက်နာရန်နှင့် စုံရက်မရက်အလိုက် ယာဉ်များကို ဧပြီ ၁ ရက်နေ့မှ စတင်၍ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား Filling Queue စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် စည်းကမ်းလိုက်နာမှုမရှိသည့် စက်သုံးဆီအရောင်းဆိုင်များနှင့် ယာဥ်များအား တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)