ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ချီးမြှင့်အပ်နှင်းသော ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအား ဂုဏ်ပြုပွဲအခမ်းအနားသို့တက်ရောက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ချီးမြှင့်အပ်နှင်းသော ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအား ဂုဏ်ပြုပွဲအခမ်းအနားကို မတ်လ ၅ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ၊ စည်သူ ဒေါက်တာဝုန်ဆွန်းထန်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ၎င်းတို့၏ဇနီးများ၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) ဟားခါးမှ စစ်ဗျူဟာမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြသည်။