ဟားခါး ဖေဖော်ဝါရီ ၂၇
(၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားအထိမ်းအမှတ် ဂုဏ်ထူးဆောင်ဆုတံဆိပ်များ ချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ဇနီး ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆုရကျောင်းသား ၊ ကျောင်းသူများ တက်ရောက် ကြသည်။
ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က (၇၈) နှစ်မြောက် ချင်းအမျိုးသား နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်သည့်အတွက် အရေးကြီးသည့်ပွဲတော်ကို အောင်မြင်အောင် ဆောင်ရွက်နေကြသည့် ပုဂ္ဂိုလ်များအားလုံးကို ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုလိုသည့်အတွက် ယခုကဲ့သို့ အခမ်းအနားပြုလုပ်ရခြင်းဖြစ်ကြောင်း ၊ အခက်အခဲ စိန်ခေါ်မှုများစွာကြားက (၇၈) နှစ် မြောက် ချင်းအမျိုးသားနေ့ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်အောင် ဆောင်ရွက်ကြသည့် ပုဂ္ဂိုလ် အားလုံးကိုလည်း အထူးပင် ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့ နောက် ဂုဏ်ထူးဆောင်ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ်၏ အမှုထမ်းကောင်းဆုရရှိသူများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က လည်းကောင်း၊ စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု (ပထမအဆင့်) ရရှိသူများကို ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ် ဦးနေစိုးကလည်းကောင်း ၊ စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု ( ဒုတိယအဆင့် ) ရရှိသူများကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးက လည်း ကောင်း ၊ စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု (တတိအဆင့်) ရရှိသူများကို ပြည်နယ်စီးပွားရေးရာဝန်ကြီး ဒေါက်တာလျန်ဇခုပ်ကလည်းကောင်း၊ လူမှုထူးချွန်ဆု (ဒုတိယအဆင့်)နှင့် (တတိယအဆင့်) ရရှိသူ များကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်းကလည်းကောင်း၊ ပြည်နယ်ဝန်ကြီး ချုပ်၏ ဂုဏ်ပြုဆုလက်မှတ်ရရှိသူများကို ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦးကလည်းကောင်း ၊(၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့အတွက် ပြည်ထောင်စုရိပ်သာပြင်ဆင်ခြင်းလုပ်ငန်းအား အချိန်မီ ဆောင်ရွက်နိုင်ခဲ့သော အလုပ်သမားခေါင်းဆောင်၊ စတိတ်စင်အနီး အမြင့်တက်၍ လေကာ/နေကာ ပြုလုပ်သည့် အလုပ်သမားများနှင့် အကြမ်းဖက်အဖွဲ့အစည်းမှ လွှတ်တင်လာသည့် FVP Drone အား ကြားဖြတ်ဟန့်တားပစ်ခတ်ဖျက်ဆီးနိုင်သူအား ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်း အောင်ကလည်းကောင်း ဂုဏ်ထူးဆောင်ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုများ ပေးချီးမြှင့်ကြသည်။
ဆက်လက်၍ (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိသူများ အား ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပရာ အဆင့်မြင့်ပညာအဆင့်နှင့် အခြေခံပညာအထက်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများ၊ အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ရောင်စုံအလှ ဓာတ်ပုံပြိုင်ပွဲများတွင် ဆုရရှိသူများကို ပြည်နယ်ဝန်ကြီးချုပ်ကလည်းကောင်း၊ အဆင့်မြင့်ပညာ အဆင့်နှင့် အခြေခံပညာအထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများနှင့် အလွတ်တန်းစစ်တု ရင်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဒိမ်ခန့်လွင်ကလည်းကောင်း ၊ အဆင့်မြင့်ပညာအဆင့်နှင့် အခြေခံပညာအထက်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများနှင့် အလွတ်တန်း စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ဆုရရှိသူများကို ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်ကလည်းကောင်း ၊ အဆင့်မြင့်ပညာအဆင့်နှင့် အခြေခံပညာအထက်တန်းအဆင့် ကာတွန်းပြိုင်ပွဲ တွင် ဆုရရှိသူများနှင့် အခြေခံပညာအထက်တန်းအဆင့် ဘော်လီဘော ( ကျား ) ပြိုင်ပွဲတွင် ဆုရရှိသူ များကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ အခြေခံပညာအလယ်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲနှင့် အခြေခံပညာအထက်တန်းအဆင့် ဘော်လီဘော (မ) ပြိုင်ပွဲတွင် ဆုရရှိ သူများကို ပြည်နယ်စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ အခြေခံပညာအလယ်တန်းအဆင့် ကဗျာ ပြိုင်ပွဲနှင့် ဘော်လီဘော (ကျား ) ပြိုင်ပွဲတွင် ဆုရရှိသူများကို ပြည်နယ်သယံဇာတရေးရာဝန်ကြီးက လည်းကောင်း၊ အခြေခံပညာအလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲနှင့် ဘော်လီဘော (မ) ပြိုင်ပွဲများတွင် ဆုရရှိသူများကို ပြည်နယ်လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ အခြေခံပညာအလယ်တန်းအဆင့် ကာတွန်းပြိုင်ပွဲနှင့် အခြေခံပညာအဆင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် ဆုရရှိသူများကို ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကလည်းကောင်း ၊ အခြေခံပညာမူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ နှင့် အခြေခံပညာအဆင့် စားပွဲတင်တင်းနစ် တစ်ဦးချင်း ( ကျား ) ပြိုင်ပွဲများတွင် ဆုရရှိသူများကို ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှကလည်းကောင်း၊ အခြေခံပညာမူလတန်းအဆင့် ပန်းချီပြိုင်ပွဲနှင့် အခြေခံပညာအဆင့် စားပွဲတင်တင်းနစ် တစ်ဦးချင်း (မ) ပြိုင်ပွဲတွင် ဆုရရှိသူများကို ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင့်ကလည်းကောင်း ၊ အခြေခံပညာမူလတန်းအဆင့် ကာတွန်း ပြိုင်ပွဲနှင့် ထုပ်ဆီးတိုးပြိုင်ပွဲများတွင် ဆုရရှိသူများကို ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဇော်ဝင်း ဌေးကလည်းကောင်း ပေးအပ်ချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြရာ အခမ်း အနားတက်ရောက်သူအားလုံး ကြာဇံဟင်းခါးဖြင့် ဂုဏ်ပြုဧည့်ခံခဲ့ကြောင်း သိရသည်။
( ခရိုင်ပြန်/ဆက် )