ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးနှင့် ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးထိုးနှံပေးနေမှုအား ကြည့်ရှုအားပေး၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
၂၀၂၄−၂၀၂၅ ပညာသင်နှစ် ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးနှင့် ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက ဟားခါးမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း(၄)ကျောင်း၊ မူလွန်ကျောင်း(၁)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(၁)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၇)ကျောင်း စုစုပေါင်းကျောင်း(၁၃)ကျောင်းနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးများတွင်ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ကြည့်ရှုအားပေးသည်။