ကရင်ပြည်နယ်

လိပ်သိုဒေသ၌ ကော်ဖီပျိုးပင်များ ပျိုးထောင်ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ နှစ်ရှည်သီးနှံပင်ဖြစ်သော ကော်ဖီပင်များကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိကြရာ ဒေသခံအချို့မှာ ကော်ဖီပျိုးပင်များကို ပျိုးထောင်ပြုစုပြီး ရောင်းချခြင်းဖြင့် အပိုဝင်ငွေရလျက်ရှိသည်။

လှိုင်းဘွဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်းနှင့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များ ပြသ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ရှောင်ကြည်ရမည့်အချက်များကို သိရှိနိုင်စေရန်အတွက် အသိပညာပေး ဟောပြောခြင်းနှင့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များ ပြသခြင်းကို ယမန်နေ့က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

မြဝတီမြို့ ကျက်သရေဆောင် ဆံတော်ရှင်ရွှေမြင်းဝန်စေတီတော်မြတ်ကြီး၌ ဥပ္ပါတသန္တိပါဠိတော် ၅ ညခြောက်ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ရွှေမြင်းဝန် စေတီတော်မြတ်ကြီး၌ သုံးဆယ့်တစ်ဘုံသားကမ္ဘာသူကမ္ဘာသားအပေါင်းတို့နှင့် မြဝတီမြို့နယ်အတွင်း မှီတင်းနေထိုင်ကြသည့် ခုနှစ်ရက်သား၊သမီးအပေါင်းတို့အား နတ်ကောင်းနတ်မြတ်တို့၏ စောင့်ရှောက်မှုရရှိပြီး ဘေးရန်အသွယ်သွယ်မှ ကင်းလွတ်ငြိမ်းစေရန်အတွက် ဥပ္ပါတသန္တိပါဠိတော်ကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉:၀၀ နာရီက အဆိုပါစေတီတော်မြတ်ကြီး မြောက်ဘက်မုခ်ဂန္ဓကုဋီတိုက်အတွင်း၌ ကျင်းပသည်။

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဥ္စမနေ့ ကျင်းပ

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဥ္စမနေ့ကို ဇွန်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့တက် ရောက်ခွင့်ရှိသူ ၂၃ ဦးအနက် ၂၂ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၉၅ ဒဿမ ၆၅ ရာခိုင်နှုန်း တက်ရောက်ကြပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကိုကအစည်းအဝေး ပဥ္စမနေ့ အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေး တက်ရောက်မှု အခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ဇွန်လ ၂၃ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့တက် ရောက်ခွင့်ရှိသူ ၂၃ ဦးအနက် ၂၂ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၉၅ ဒဿမ ၆၅ ရာခိုင်နှုန်းတက်ရောက်ကြပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစန်းကိုက အစည်းအဝေးစတုတ္ထနေ့ အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေး တက်ရောက်မှု အခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

လှိုင်းဘွဲမြို့နယ်၊ ပတ်ကျော‌ကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က လှိုင်းဘွဲမြို့နယ်၊ ပတ်ကျောကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် စာရေးဆရာမ ခင်စောတင့် ရေးသားသော “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် ၁၁ နာရီက မြို့ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

လှိုင်းဘွဲမြို့၌ မူးယစ်ဆေးဝါးများနှင့် လူကုန်ကူးမှုအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ဥပဒေဆိုင်ရာကိစ္စရပ်များအကြောင်း လူငယ်ရေးရာသိပညာပေးဟောပြောပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မူးယစ်ဆေးဝါးများနှင့် လူကုန်ကူးမှုအန္တရာယ်၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ဥပဒေရေးရာ၊ တရားစီရင်ရေးဆိုင်ရာနှင့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအသိပညာပေးဟောပြောပွဲကို ဇွန်လ (၂၂) ရက်နေ့က မြိုင်ကြီးငူအထူးဒေသ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းနှင့် ကြာအင်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတို့၌ ကျင်းပခဲ့သည်။

သူနာပြုသိပ္ပံ(ဘားအံ) ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာသင်တန်သား၊သင်တန်းသူများအား ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်း

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသိပ္ပံ(ဘားအံ)၏ ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာ သင်တန်းသား၊သင်တန်းသူများ၏ ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲကို ဇွန် ၂၃ ရက် နံနက် ၇ နာရီခွဲက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကြယ်ပွင့်ပြမေးခွန်း(၄)ခုမေးမြန်း

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ဇွန် ၂၃ ရက် နံနက် ၁၀ နာရီက ဘားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၂)ဦးက ဒေသခံပြည်သူများကိုယ်စား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကိုထံမှတစ်ဆင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကြယ်ပွင့်ပြမေးခွန်း(၄)ခုကို မေးမြန်းရာ သက်ဆိုင်ရာပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့ကြသည်။
Subscribe to ကရင်ပြည်နယ်