နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့အဝင် တရုတ်လှလမ်းဆုံ (Photogenic Spot) နေရာနှင့် မြေယာရှုခင်းအလှတို့ဖွင့်လှစ်
ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့သည် (၆)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးသောမြို့ကြီးများဆုကို မြန်မာနိုင်ငံကိုယ်စားပြုရရှိခဲ့ပြီး သန့်ရှင်းသောရေ၊ သန့်ရှင်းသောလေ၊ သန့်ရှင်းသောမြေ ဖြစ်စေရေး ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းနှင့် အစဉ်အမြဲစိမ်းလန်းစိုပြည်စေရေးအတွက် အစိုးရအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံ ပြည်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက နှစ် (၇၀)ပြည့် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့အဝင် တရုတ်လှလမ်းဆုံ၌ (Photogenic Spot) နေရာနှင့် မြေယာရှုခင်းတို့ကို ထပ်မံဖွင့်လှစ်ခဲ့သည်။