ကရင်ပြည်နယ်

ကျောက်ဆည်ပြည်သူ့ဆေးရုံကြီးသွေးလှူဌာန၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်း

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး သွေးလှူဌာန၌ ယနေ့နံနက်ပိုင်းက မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် ပတ်ကျော‌ကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက လှိုင်းဘွဲမြို့နယ်၊ ပတ်ကျောကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းဆောင်ရွက်သည်။ 

ကော့ကရိတ်မြို့တွင် လူငယ်ရေးရာနှင့် မူးယစ်‌ဆေးဝါးအန္တရာယ်အသိပညာ‌ပေး 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားလာနိုင်စေရေး၊ ကိုယ်ကာယကျန်းမာကြံ့ခိုင်နိုင်‌စေရေးတို့အတွက် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁နာရီက အထက(ခွဲ)ဝင်းကြီးကျောင်း၊ ပုလဲရတနာခန်းမ၌ ပြုလုပ်သည်။

ကော့ကရိတ်မြို့တွင် ခရိုင်အဆင့်ကျောင်းကျန်းမာရေးကော်မတီဖွဲ့စည်းခြင်းနှင့် ကျောင်းလုပ်ငန်းများဆန်းစစ်မှု မိတ်ဆက်သင်တန်းကျင်းပ

ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ခရိုင်အဆင့်ကျောင်းကျန်းမာရေးကော်မတီ ဖွဲ့စည်းခြင်းနှင့် ကျောင်းကျန်းမာ‌ရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများဆန်းစစ်မှုမိတ်ဆက်သင်တန်းကို ယနေ့ နံနက် ၉နာရီက အမှတ်( ၂ )အခြေခံပညာအထက်တန်းကျောင်း၊ သရဖီခန်းမ၌ ကျင်းပသည်။

လိပ်သိုမြို့လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြင့်တင်ရေး (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/သူများ စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် စာရေးဆရာမ ခင်စောတင့် ရေးသားသော “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁  နာရီက မြို့ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်သည်။

လိပ်သိုမြို့အထက ကျောင်း၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင် ပြသခြင်းတို့ကို ယနေ့နံနက် ၉ နာရီက လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်သည်။

လှိုင်းဘွဲမြို့၌ မူးယစ်ဆေးဝါးများနှင့်လူကုန်ကူးမှုအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ဥပဒေဆိုင်ရာကိစ္စရပ်များအကြောင်း လူငယ်ရေးရာသိပညာပေး  

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင်  မူးယစ်ဆေးဝါးများနှင့်လူကုန်ကူးမှုအန္တရာယ်၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ဥပဒေရေးရာ၊ တရားစီရင်ရေးဆိုင်ရာနှင့်   ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အသိပညာပေးဟောပြောပွဲကို ဇွန်(၂၂)ရက်က မြိုင်ကြီးငူအထူးဒေသ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း  ပညာသင်တန်းကျောင်းနှင့်ကြာအင်းကျေးရွာရှိ  အခြေခံပညာအထက်တန်းကျောင်းတို့၌ ကျင်းပသည်။

လိပ်သိုမြို့၌ လူထုကျန်းမာရေးလုပ်သား (အကျဉ်းချုံး) သင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သည့် လူထုကျန်းမာရေလုပ်သား(အကျဉ်းချုံး) သင်တန်းကို ယနေ့နံနက် ၉ နာရီက တိုက်နယ်ပြည်သူ့ဆေးရုံ၌ ကျင်းပပြုလုပ်သည်။

ဘားအံမြို့၌ စာအုပ်စာစောင် မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ၏ အသိပညာ ဗဟုသုတများ တိုးပွားစေရေး၊ တိကျမှန်ကန်သော သတင်းအချက်အလက်များ အချိန်မီသိရှိနိုင်စေရေး ဗလငါးတန်နှင့်ပြည့်စုံသော နိုင်ငံ့သားကောင်းများ ပေါ်ထွက်လာစေရေးနှင့် မီဒီယာကဏ္ဍများမှတစ်ဆင့် ပံ့ပိုးဆောင်ရွက်ပေးခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ဇွန် ၂၂ ရက် နံနက် ၁၀ နာရီက ကရင်ပြည်နယ်၊ ဘားအံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)မှ ဆရာဖေမြင့်၏ ဘဝတိုးတက်မှုအတွက်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ကျင်းပသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံ ရိုးရာလက်ဝှေ့ပြိုင်ပွဲကျင်းပ

မျိုးဆက်သစ်ရိုးရာလက်ဝှေ့အားကစားသမားများပေါ်ထွန်းလာစေရေးနှင့် ပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိစေရေးအတွက် ၂၀၂၆ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံ ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ဇွန်လ ၂၂ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသည်။
Subscribe to ကရင်ပြည်နယ်