နိုင်ငံတော်၏ သယံဇာတများရေရှည်တည်တံ့စေရန်၊ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းရန်၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်၊ ဒေသရာသီဥတုနှင့်ကိုက်ညီသည့် အရိပ်ရသစ်ပင်များနှင့် ရာသီဥတုကောင်းမွန်လာစေရေးတို့အတွက် အထောက်အကူပြုနိုင်ရေး၊ အရိပ်အာဝါသနှင့် အပူဒဏ်လျှော့ချနိုင်ရေး၊ အဖိုးတန်ဂေဟစနစ်များမပျောက်ပျက်အောင် စောင့်ရှောက်နိုင်ရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် အထောက်အကူပြုစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် ၇ နာရီက ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် -၂ ပတ်လမ်းတစ်လျှောက်တွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပသည်။