ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဘားအံ ဇူလိုင် ၄

ကရင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့်၎င်းတို့ကိုအခြေခံ သည့်ကုန်ထုတ်လုပ်ငန်းများကိုအားပေးမြှင့်တင်နိုင်ရန်အတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုတိုးမြှင့်အကောင်အထည်ဖော်၍ ထွက်ရှိလာသည့်ထုတ်ကုန်များကို သက်သာသောနှုန်း ထားဖြင့် စားသုံးသူလက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိစေရေးလစဉ်ပထမအပတ်၏ စနေနေ့တိုင်းတွင်ဘားအံမြို့သီရိကွင်း၌ စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏(အခွန်လွတ်) တောင်သူ လယ်သမားဈေးကို ဖွင့်လှစ်ရောင်းချပေးလျက်ရှိရာ ဇူလိုင်လ ၄ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် အဆိုပါဈေးဖွင့်လှစ်ရောင်းချနေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

တောင်သူလယ်သမားဈေးတွင် ဒေသထွက်မွေးမြူရေး ထုတ်ကုန်အရောင်းဆိုင်ခန်းများ၊ ဒေသထွက် ဟင်းသီး ဟင်းရွက် (စားဖိုဆောင်သီးနှံ)အရောင်းဆိုင်ခန်းများ၊ ကရင်ပြည်နယ်ဆန်ကုန် သည်ကြီးများအသင်းနှင့် ဆီကုန်သည်ကြီးများ အသင်းတို့၏ ပြင်ပပေါက်ဈေးထက်သက်သာသော ဆန်အမျိုးမျိုး၊ စားသုံးဆီ၊ မြေပဲဆီအရောင်းဆိုင်ခန်းများ စသည်ဖြင့် အရောင်းဆိုင်ခန်းပေါင်း ၄၁ ခန်းဖြင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အများပြည်သူထံတိုက်ရိုက်ရောင်းချခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီး ချုပ်နှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကာ ပြည်နယ်ဝန်ကြီးချုပ်က နောင်လာမည့် အပတ်များတွင်ဈေးဆိုင်ခန်းများပိုမိုတိုးချဲ့ဖွင့်လှစ်နိုင်ရေးနှင့်ရောင်းချမည့်ကုန်ပစ္စည်းအရေအတွက် ပိုမိုတိုးတက်ရောင်းချ နိုင်ရေး  တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးဘေး လှိုင်းဘွဲ မြို့နယ်၊ သမ္ဘာန်ကျေးရွာ၊ ကွင်းအမှတ်-၁၄၂၀၊ ဝါးဆူးကွင်းရှိ တောင်သူဦးစိန်ဝင်း၏ အထွက်နှုန်းတိုး တက်ရေး နည်းပညာပေး စံပြကွက်(၁၀)ဧကအတွင်း မိုးစပါး ဆင်းသုခ( C.S) စိုက်ပျိုးနေမှုအခြေ အနေများကို လှည့်လည်ကြည့်ရှုအားပေးပြီး ပန်းတိုင် အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအားမှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၏ လှိုင်းဘွဲ မြို့နယ်၊ နောင်ဘိုကြီးကျေးရွာ၊ နောင်ဘိုကြီးရေလျှံကွင်းအတွင်း ငါးမျိုးစိုက်ထည့်သည့် အခမ်းအနားကို တက်ရောက်ခဲ့ကြပြီး ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ နောင်ဘိုကြီး ရေလျှံကွင်း အတွင်း ရှင်သန်ကြီးထွားရန် အကောင်းဆုံး အရွယ်ရှိသော ငါးမြစ်ချင်းကောင်ရေ ငါးသောင်း၊ ရွှေဝါငါးကြင်းကောင်ရေ ငါးသောင်း၊ စုစုပေါင်းကောင်ရေ တစ်သိန်းကို ဒေသခံများနှင့်အတူ ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။

ဆက်လက်၍ ကရင်ပြည်နယ်အတွင်း (၅)နှစ်စီမံကိန်းအရ ကော်ဖီ(၅၃၀၀)ဧက တိုးချဲ့စိုက်ပျိုးသွား မည်ဖြစ်ပြီး လှိုင်းဘွဲမြို့နယ်၊ နောင်ဘိုကြီးကျေးရွာ၊ တောင်သူဦးစောဝင်းလှိုင်စိန်၏ ဥယျာဉ်ခြံဝင်းအတွင်း ကော်ဖီပင်စုပေါင်းစိုက်ပျိုးခြင်းနှင့် ပျိုးပင်များပေးအပ်ပွဲကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်ပြည်နယ်သည် အထူးတန်းဝင်ကော်ဖီ ထုတ်လုပ်ရန်သင့်လျော်သည့် ဒေသဖြစ်သည့်အတွက် ဥယျာဉ်ခြံမြေများနှင့်သစ်တောဧရိယာများစွာကျန်ရှိနေခြင်းကြောင့် နိုင်ငံခြားဝင် ငွေရှာဖွေ ပေးနိုင်သည့် ကော်ဖီသီးနှံကို ကျယ်ကျယ်ပြန့်ပြန့်နေရာအနှံ့ တိုးချဲ့စိုက်ပျိုးနိုင်မှသာ ထုတ်ကုန်အများ အပြားထုတ်လုပ်လာနိုင်မည်ဖြစ်ပြီး ဈေးကွက်ဝယ်လိုအား ကိုဖြည့်ဆည်းပေး နိုင်မည်ဖြစ်ကာ ပြည်နယ်၏အနာဂတ်ကော်ဖီ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများက ကော်ဖီစိုက်ပျိုးကြမည့်တောင်သူများအား ကော်ဖီပျိုးပင်များဖြန့်ဝေပေးခဲ့ကြပြီး ဒေသခံပြည်သူများနှင့်အတူ ကော်ဖီပင်များကို စုပေါင်းစိုက်ပျိုးပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်သူများကော်ဖီပင် စိုက်ပျိုးနေမှုနှင့် တောင်သူဦးစောဝင်းလှိုင်စိန်၏ ဥယျာဉ်ခြံဝင်းအတွင် ငှက်ပျော၊ ပီလောပီနှံ၊ ဝါး၊ နနွင်း အစရှိသည့် သီးနှံများစိုက်ပျိုးထားရှိမှုကို လှည့်လည်ကြည့် ရှုအားပေး ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာအနီးရှိ ရေဘုတ် ရေလှောင်တမံအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ ပြည်နယ်ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးတင်မျိုးလှိုင်က ရေလှောင်တမံ၏ စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ရာသီမရွေးစိုက်ပျိုးရေ ပေးဝေနိုင်ရေးဆိုင်ရာကိစ္စရပ်များ ကိုရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ရေဘုတ်ရေလှောင်တမံ ရေသောက်ဧရိယာ အတွင်းရှိ တောင်သူများ အကျိုးအမြတ်ဖြစ်ထွန်းနိုင်မည့်သီးနှံများကို စွမ်းအားပြည့်စိုက်ပျိုးထုတ်လုပ်နိုင်ရေး စည်းရုံးဆောင် ရွက်သွားရန်မှာကြားကာ တမံကြံခိုင်ရေးဆိုင်ရာများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။