သံတောင်ကြီးမြို့တွင်ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ်စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

သံတောင်ကြီး ဇူလိုင် ၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ်စုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင်လ ၆ ရက်နေ့နံနက်(၈)နာရီက  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးပတ်ဝန်းကျင်တွင်  စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် သံတောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်မျိုးအောင်၊မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးဆင့်နှင့် ခရိုင်/မြို့နယ် အဆင့်ဝန်ထမ်းများ ဒေသခံပြည်သူများပါဝင်စိုက်ပျိုးကြပြီး ကော်ဖီပင်(၁၅၀)ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

နော်နော်မူ