ကရင်ပြည်နယ်

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကိုက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာကာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို ပြည်နယ်လွှတ်တော်က အတည်ပြုမှတ်တမ်းတင်သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ပြည်နယ်ဥပဒေချုပ်ရုံး ဝန်ထမ်းအိမ်ရာ (၄)ခန်းတွဲ(၂)ထပ်အဆောက်အဦ ဖွင့်ပွဲအခမ်းအနားတက်ရောက်

ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့်၎င်းတို့၏မိသားစုဝင်များ နေထိုင်မှုအဆင်ပြေ ချောမွေ့စေရန်၊ ဝန်ထမ်းများစိတ်အေးချမ်းသာစွာဖြင့် ၎င်းတို့၏ တာဝန်ဝတ္တရားများကို အပြည့်အဝထမ်းဆောင်နိုင်ရန်အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ထမ်းအိမ်ရာ အဆောက်အဦသစ်များကို ဆောက်လုပ်နေရာချထားပေးလျက်ရှိရာ ဇွန်လ ၁၉ ရက်နေ့ နံနက် ၈ နာရီက ပြည်နယ်ဥပဒေ ချုပ်ရုံး ဝန်ထမ်းအိမ်ရာ(၄)ခန်းတွဲ(၂)ထပ်အဆောက်အဦဖွင့်ပွဲကို ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ အဆိုပါအဆောက်အဦရှေ့၌ ကျင်းပ သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ပြည်နယ်ဥပဒေချုပ်ရုံး ဝန်ထမ်းအိမ်ရာ (၄)ခန်းတွဲ(၂)ထပ်အဆောက်အဦအား တက်ရောက်ဖွင့်လှစ်

ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့်၎င်းတို့၏မိသားစုဝင်များ နေထိုင်မှုအဆင်ပြေ ချောမွေ့စေရန်၊ ဝန်ထမ်းများစိတ်အေးချမ်းသာစွာဖြင့် ၎င်းတို့၏တာဝန်ဝတ္တရားများကို အပြည့်အဝထမ်းဆောင်နိုင်ရန် အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ထမ်းအိမ်ရာအဆောက်အဦသစ်များကို ဆောက်လုပ်နေရာချထားပေးလျက်ရှိရာ ဇွန်လ ၁၉ ရက်နေ့ နံနက် ၈ နာရီက ပြည်နယ်ဥပဒေချုပ်ရုံး ဝန်ထမ်းအိမ်ရာ(၄)ခန်းတွဲ(၂)ထပ်အဆောက်အဦဖွင့်ပွဲကို ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ အဆိုပါအဆောက်အဦရှေ့၌ ကျင်းပသည်။

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကိုက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာကာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို ပြည်နယ်လွှတ်တော်က အတည်ပြုမှတ်တမ်းတင်သည်။

ကြာအင်းဆိပ်ကြီးမြို့တွင် ကျောင်းသား၊ကျောင်းသူများကို နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့တွင် ကျောင်းသား၊ကျောင်းသူများကို "လမင်းစီမံချက်"ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်း၌ အမက(၅)(မူလွန်) ကြာအင်းဆိပ်ကြီးကျောင်းသို့ မြို့နယ်လဝကဦးစီးမှူး ဦးမျိုးဝင်းကြိုင်နှင့် ဝန်ထမ်းများက နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

မြဝတီမြို့တွင် ကော်ဖီနှင့် သီဟိုဠ်ပျိုးပင်များအား စိုက်ပျိုးတောင်သူများထံသို့ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ကော်ဖီနှင့်သီဟိုဠ် ပျိုးပင်များအား စိုက်ပျိုးတောင်သူများထံသို့ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၉:၃၀)၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသန်းရွှေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာ စိုက်ပျိုးတောင်သူများ တက်ရောက်ခဲ့ကြသည်။

မြဝတီမြို့ ကုန်တင်ကုန်ချကော်မတီရုံးမှ ကာယ၊ဉာဏဝန်ထမ်းများကို ကိုဗစ်ကာကွယ်‌ဆေး Pfizer  ထိုးနှံ

ကရင်​​​ပြည်နယ်စည်ပင်သာယာ​ရေးဝန်ကြီးဌာန မြဝတီမြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးမှ  (ကာယ-ဥာဏ) ဝန်ထမ်းများကို ကိုဗစ်ကာကွယ်ဆေး pfizer ထိုးနှံခြင်းကို ယနေ့ နံနက် ၈ နာရီက မြဝတီမြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးတွင် ထိုးနှံဆောင်ရွက်သည်။

လိပ်သိုဒေသထွက် ဒူးရင်းသီးများ စျေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင်းရှိ ဒူးရင်းပင်စိုက်ပျိုးသောကျေးရွာများမှ ဒူးရင်းသီးများ လှိုင်လှိုင်ပေါ်ချိန် ခူးဆွတ်ရောင်းချရာ၌ စျေးကောင်းရလျက်ရှိသည်။

ဘားအံမြို့တွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ဇွန်လ (၁၈)ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ ဇမ္ဗူမြိုင်သီလရှင်သင်ပညာရေးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁၁၄)သို့ တက်ရောက်ရမည့် သင်တန်းသား၊ သင်တန်းသူများအား ပြည်နယ်လူမှုရေးရာဝန်ကြီး လမ်းညွှန်အမှာစကားပြောကြား

နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ နိုင်ငံတော်က ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ရမည်ဖြစ်ပြီး နိုင်ငံတော်၏ မူဝါဒနှင့်အညီ တိုးတက်အောင်မြင်ရေးကို ကြိုးစားဆောင်ရွက်ရမည်ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) လှည်းကူး၊ ဖောင်ကြီးသင်တန်းကျောင်း၌ ဇွန်လ (၂၂)ရက်နေ့မှ ဇူလိုင်လ (၂၄)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည့် အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၁၁၄)သို့ တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီက ဘားအံမြို့ အမှတ် (၄)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမတွင် တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားသည်။
Subscribe to ကရင်ပြည်နယ်