လိပ်သိုဒေသတွင် တံမြက်စည်းချောများ ပြုလုပ်ရောင်းချ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသော တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာ ဒေသခံများမှာ တောတောင်များနှင့် လမ်းဘေးဝဲယာများတွင် အလေ့ကျပေါက်ရောက်နေသော တံမြက်စည်းပင်များကို ချိုးယူ၍ တံမြက်စည်းချောများ ပြုလုပ်ရောင်းချလျက်ရှိနေကြောင်း သိရသည်။