ကရင်ပြည်နယ်ဧည့်ရိပ်သာ ၈၅ ရာခိုင်နှုန်းကျော်တည်ဆောက်ပြီးစီး မကြာမီဖွင့်လှစ်နိုင်တော့မည်
ကရင်ပြည်နယ်သို့ နိုင်ငံတော်အဆင့်အကြီးအကဲများ၊ နိုင်ငံတကာမှအထူးဧည့်သည်တော်များ ရောက်ရှိတည်း ခိုနေထိုင်နိုင်ရန် ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေကျပ် ၆၀၆၁ ဒဿမ ၈၂၁ သန်းဖြင့် ဘားအံတက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမအနီး စိန်ပန်းပြာလမ်းနှင့်စိန်ပန်းနီလမ်းထောင့်တွင် အဆောက်အဦအထူးအဖွဲ့(၁၃)မှ တာဝန်ယူတည်ဆောက်လျက်ရှိသော ကရင်ပြည်နယ်ဧည့်ရိပ်သာ (၁၅၀ပေ x ၄၈ပေ) RC(၆)ထပ်အဆောက်အဦနှင့်အခြားဆက်စပ် လုပ်ငန်းများမှာ ယခုအခါ ၈၅ ရာခိုင်နှုန်းကျော်တည်ဆောက်ပြီးစီးနေပြီး မကြာမီဖွင့်လှစ်နိုင်တော့မည်ဖြစ်သည်။