ကရင်ပြည်နယ်

နည်းပညာတက္ကသိုလ်(ဘားအံ) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆို

ကရင်ပြည်နယ်၊ နည်းပညာတက္ကသိုလ်(ဘားအံ)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက် ၉ နာရီခွဲက ဘားအံမြို့၊ အဆိုပါတက္ကသိုလ်ခန်းမ၌ ကျင်းပသည်။

ကော့ကရိတ်မြို့၌ မိခင်နှင့်က‌လေးစောင့်ရှောက်ရေးအသင်း ဆယ်အိမ်စုမှူးသင်တန်း ကျင်းပပြုလုပ်

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဆယ်အိမ်စုမှူးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈:၃၀အချိန်က ကော့ကရိတ်ခရိုင် ပြည်သူ့ဆေးရုံ (တိုးချဲ့ဆောင်)၌ ပြုလုပ်ကျင်းပသည်။

ရှမ်းရွာသစ်မြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင်ကျောင်းသူ/ကျောင်းသားများ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာအသိပညာပေး အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးလုပ်ငန်းကို ယမန်နေ့က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လိပ်သိုဒေသရှိ ကျေးရွာများတွင် သဘာဝအလျောက် ပေါက်ရောက်နေသော ရာသီစာဇရစ်ရိုးများ ချိုးယူရောင်းချ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် အေးမြစိုစွတ်သော တောင်ပေါ်ဒေသဖြစ်ခြင်းကြောင့် စိမ့်စမ်းရေများမှဖြစ်ပေါ်လာသော စမ်းချောင်းများဘေးတွင် သဘာဝအလျောက် ပေါက်ရောက်နေသော ရာသီစာဇရစ်ရိုးပင်များကို ကျေးရွာအများစုမှ ဒေသခံများက ချိုးယူရောင်းချကာ မိသားစု အပိုဝင်ငွေရလျက်ရှိနေကြောင်း သိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကြီးမားပုံနှင့် ဆိုးကျိုးများ အကြောင်း သိရှိရှောင်ရှားတတ်စေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Pfizer) ဆက်လက်ထိုးနှံပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် အသက် (၁၈) နှစ်အထက် နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Pfizer) ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံး၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဘားအံ) သတ္တမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်း

နိုင်ငံ၏စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ်သောလူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနေသော စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဘားအံ)၏ သတ္တမအကြိမ်မြောက် အလယ်အလတ်အဆင့် စိုက်ပျိုးရေးပညာရှင် စိုက်ပျိုးရေးဒီပလိုမာလက်မှတ်အပ်နှင်းသည့် အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

မြဝတီမြို့ အ.ထ.က(ဝါးတော)၌   ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့ အခြေခံပညာအထက်တန်းကျောင်း (ဝါးတော) ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင်  အဆိုပါကျောင်းဝင်း၌ ကျင်းပသည်။

လှိုင်းဘွဲမြို့နယ်၌ ပဉ္စမအကြိမ်မြောက် ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး (Pfizer) စတင် ထိုးနှံပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် အောင်ဆန်းခန်းမနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန သင်တန်းခန်းမဆောင်တို့တွင် ပဉ္စမအကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး (Pfizer)ကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျန်းမာရေးဝန်ထမ်းများမှ စတင်၍ထိုးနှံပေးလျက်ရှိသည်။

မြဝတီခရိုင် ပြည်သူ့ဆေးရုံးကြီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Pfizer ထပ်ဆောင်းထိုးနှံပေး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ   ဌာနဆိုင်ရာဝန်ထမ်းများနှင့်   ပြည်သူများအနေဖြင့်  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံပေးခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီတွင်မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီး၌  Pfizer  ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးသည်။
Subscribe to ကရင်ပြည်နယ်