ကရင်ပြည်နယ်

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့ပတ်လမ်း နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်လှစ်

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသေားအားဖြင့် ဘားအံမြို့ အမှတ် (၄၊၆၊၇)ရပ်ကွက်များကို ဆက်သွယ်ဖောက်လုပ်ထားသော ဘားအံမြို့ပတ်လမ်း နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက အမှတ်(၇)ရပ်ကွက်၊ ဘားအံ-ထုံးအိုင်လမ်းနှင့် ဘားအံမြို့ ပတ်လမ်းဆုံ၌ ကျင်းပခဲ့သည်။

လိပ်သိုဒေသတွင် ဝဥကိုစီးပွားဖြစ် တိုးချဲ့စမ်းသပ်စိုက်ပျိုးမှု အောင်မြင်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် ဥယျာဉ်ခြံလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပြီး နှစ်ရှည်သီးနှံများကိုသာ ရွေးချယ်စိုက်ပျိုးခဲ့ကြရာမှ ဝဥကို စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလာခဲ့ရာ အောင်မြင်မှုများ စတင်ရရှိနေပြီဖြစ်ကြောင်း သိရသည်။

မြဝတီမြို့ ပညာရွှေဖူးကိုယ်ပိုင်အလယ်တန်းကျောင်း၌ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့ ပညာရွှေဖူးကိုယ်ပိုင်အလယ်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဇန်နဝါရီ ၂၉ ရက်နေ့က အဆိုပါကျောင်းဝင်းတွင်  စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီးဖြင့် တည်ဆောက်ကာကွယ်မည့် လူ့စွမ်းအားအရင်းအမြစ်များပေါ်ထွန်းလာစေရန်၊  ပြည်ထောင်စုစိတ် ဓာတ်ရှင်သန်ခိုင်မာပြီး၊ လူမှုဘဝစံနှုန်းများကို ထိန်းသိမ်းမြှင့်တင်နိုင်သည့် နိုင်ငံ့သားကောင်းရတနာလေးများပေါ်ထွန်းရန်၊  အမျိုးသားပညာရေးမြင့်မားစေရေး မိဘပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်စေရန် စသည့် ပညာရေးစုံညီပွဲတော်၏ ရည်မှန်းချက်များနှင့်အညီ ၂၀၂၃-၂၀၂၄ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၆)နာရီအချိန်က အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ၂၀၂၅ ခုနှစ် မြွေနှစ် တရုတ်နှစ်သစ်ကူးအထိမ်းအမှတ် စုပေါင်းကန်တော့ခြင်းနှင့် နှစ်သစ်ကူးမင်္ဂလာအခမ်းအနား တက်ရောက်

၂၀၂၅ ခုနှစ် မြွေနှစ် တရုတ်နှစ်သစ်ကူးအထိမ်းအမှတ် စုပေါင်းကန်တော့ခြင်းနှင့် နှစ်သစ်ကူးမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဘားအံကျန့်တိတ်ဗုဒ္ဓဘာသာဘုရားကျောင်း၌ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။

ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်၌ ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကတ္တရာလမ်းခင်းခြင်း လုပ်ငန်း ၉၅ ရာခိုင်နှုန်းပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ‌ ဒေသခံပြည်သူများသွားလာရေး ပိုမိုအဆင်ပြေလွယ်ကူစေရေးနှင့် ကုန်စည်စီးဆင်းမှုဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အမှတ်(၂)ရပ်ကွက်တွင် ပျက်စီးသည့် လမ်းမကြီးအား ကတ္တရာထပ်ပိုးလွှာပြန်လည်ခင်းခြင်း လုပ်ငန်းကို ၉၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ကော့ကရိတ်မြို့၌ မိသားစုအပိုဝင်ငွေရရှိစေ‌ရေးအတွက် တစ်နိုင်တစ်ပိုင် စားဖိုဆောင်သီးနှံ များစိုက်ပျိုး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၄)ရပ်ကွက်တွင်နေထိုင်သည့် စိုက်ပျိုး​ရေးလုပ်ငန်းလုပ်​ကိုင်ကြသည့်​တောင်သူများသည် မိသားစုစားဝတ်နေရေးအတွက် မိမိတို့၏နေအိမ်ခြံဝန်းမြေကွက်လပ်၌ စားဖိုဆောင်သုံးဟင်းသီးဟင်းရွက်များ စိုက်ပျိုးကြသဖြင့် မိသားစုများ နေ့စဉ်ပုံမှန် အပိုဝင်‌ငွေရရှိလျက်ရှိကြောင်း သိရသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ KG ကျောင်းသား/ ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့အခြေခံပညာအထက်တန်းကျောင်း၌ ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ KG ကျောင်းသား/ ကျောင်းသူတစ်ဦးအတွက် တစ်နေ့တာစွမ်းအင်လိုအပ်ချက်၏ အနည်းဆုံး (၃၀) ရာခိုင်နှုန်း၊ (၅၅၅) ကီလိုဂရမ် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း အစီအစဉ်ကို ယနေ့နံနက် (၁၁) နာရီက အဆိုပါကျောင်းရှိ နှင်းဆီဆောင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။  

အ-ထ-က ပိုင်ကျုံကျောင်း၌ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ရှိ အ-ထ-က ပိုင်ကျုံကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း စွမ်းဆောင်ရည်အကောင်းဆုံးရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ပိုင်ကျုံမြို့ရုံးတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (Book Club) အဖွဲ့ဝင်များ  စာဖတ်ဝိုင်း ဆွေးနွေးပွဲ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများ အသင်း(Book Club) အသင်းအဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာ ခေတ်ဘုန်းသစ် ရေးသားသည့် သင်ယူနေတဲ့ကလေးတွေ စာအုပ်ဖြင့် ဇန်နဝါရီလ ၂၇ ရက်နေ့က စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။
Subscribe to ကရင်ပြည်နယ်