လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

လိပ်သို ဇူလိုင် ၁၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့အတွင်းရှိ ကျောင်းသား/ ကျောင်းသူများ အာဇာနည်နေ့သမိုင်းကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ကြစေရန် ရည်ရွယ်၍ (၇၈) နှစ်မြောက် အာဇာနည်နေ့အကြို ဟော​ပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ဇူလိူင်လ ၈ ရက်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းဝေဉီးက အမှာစကား​ပြောကြားပြီးနောက် ဆရာမဒေါ်နော်ဘွေဖောက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကိုလည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပတ္တိအကြောင်းကို ဆရာမဒေါ်နော်ဌေးဌေးဝင်းကလည်းကောင်း၊ ဉီးရာဇတ်၏အတ္ထုပတ္တိကို ဆရာဉီးကျော်လှကလည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ ပညာရေးအကြောင်းကို ဆရာမဒေါ်ရယ်ဂျီးနာကလည်းကောင်း၊ မိုင်းပွန်စော်ဘွားကြီးစပ်ဝ်စံထွန်းအကြောင်းကို ဆရာမဒေါ်မိုးလှိုင်ကလည်းကောင်း၊ ဉီးအုန်းမောင်၏ အတ္ထုပတ္တိကို ဆရာမဒေါ်ဝေဝေလွင်ကလည်းကောင်း၊ သခင်မြ၏ အတ္ထုပတ္တိကို ဆရာမဒေါ်ယုယုလွင်ကလည်းကောင်း၊ မန်းဘခိုင်၏အတ္ထုပတ္တိကို ဆရာမဒေါ်နန်းခင်စုလှိုင်ကလည်းကောင်း၊ ဒီးဒုတ်ဉီးဘချိုအကြောင်းကို ဆရာမ ဒေါ်ဒိုနီးရှာကလည်းကောင်း၊ ရဲဘော်ကိုထွေးအကြောင်းကို ဆရာမဒေါ်မားဂရက်ကလည်းကောင်း အသီးသီး ဟောပြောခဲ့ကြသည်။

ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ပြသထားသော (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်ကို ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ်