ဘားအံတက္ကသိုလ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး အထောက်အကူပြု သိကောင်းစရာများ ဆွေးနွေး
ကရင်ပြည်နယ်၊ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် အထက်တန်းဆင့်သင် ဆရာ၊ ဆရာမများနှင့် တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ဘားအံတက္ကသိုလ်နှင့် မော်လမြိုင်တက္ကသိုလ်တို့မှ ပါမောက္ခများ၊ ကထိကများ၏ ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၁ နာရီက ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။