Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရှမ်းပြည်နယ်၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ တောင်ကြီးဌာနခွဲရှိ စာကြည့်တိုက်နှင့် ပြတိုက်အဆောက်အဦ အဆင့်မြှင့်တင်ပြုပြင်မွမ်းမံနိုင်…
Aug 27,2024
ရှမ်းပြည်နယ်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ တောင်ကြီးဌာနခွဲ၊ စာကြည့်တိုက်နှင့် ပြတိုက်အဆောက်အဦ အဆင့်မြှင့်တင် ပြုပြင်မွမ်းမံနိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လာရောက် ရှင်းလင်းကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Aug 27,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂) နာရီက ခရိုင်အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၄ ခုနှစ်၊ အာရှသက်ငယ်တန်းအားကစားပြိုင်ပွဲ(Asia Junior Exchange Games 2024) သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာအားကစားအဖွဲ့ ဂျပန်နိုင်ငံသို့ ထွက်ခွာ…
Aug 27,2024
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ(၂၇)ရက်နေ့မှ စက်တင်ဘာလ(၂)ရက်နေ့အထိ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ်၊ အာရှသက်ငယ်တန်းအားကစားပြိုင်ပွဲ(Asia Junior Exchange Games 2024) သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ဒုတိယအဖွဲ့ခေါင်းဆောင်နှင့် မြန်မာအားကစားအဖွဲ့တို့သည် ယမန်နေ့ ည (၇)နာရီ အချိန်၌ လေယာဉ်အမှတ် TG – 304 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ မြန်မာနိုင်ငံကြက်တောင်အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ပိုင်နှင့် အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်နှင့် အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ မိဘဆွေမျိုးများက လိုက်လံပို့ဆောင်နှုတ်ဆက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်၊ ညောင်ပင်သာကျေးရွာနှင့် ချောင်းခွကျေးရွာတွင် ချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကာ လူနေအိမ် သုံး…
Aug 27,2024
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ၌ ဩဂုတ်လ (၂၅) ရက်နေ့ နံနက် (၈) နာရီခွဲအချိန်ခန့်တွင် ပလွေးချောင်းရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကာ လူနေအိမ်နှစ်လုံး ရွှေ့ပြောင်းခဲ့ရမှုအခြေအနေများနှင့် ချောင်းခွကျေးရွာအုပ်စု၊ ချောင်းခွကျေးရွာတွင် ကျောက်မဆင်ချောင်း တိုက်စားမှုကြောင့် ကမ်းပါးပြိုကာ လူနေအိမ်တစ်လုံး ရွှေ့ပြောင်းခဲ့ရမှု အခြေအနေများကို သွားရောက်၍ ကြည့်ရှုစစ်ဆေးပြီး အားပေးစကားပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့၌ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပ
Aug 27,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် ခရိုင်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အောင်မြတ်ခန်းမ၌ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး မျောက်ကျောက်ရောဂါနှင့်စပ်လျဉ်း၍ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝ…
Aug 27,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မျောက်ကျောက်ရောဂါနှင့်စပ်လျဉ်း၍ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၃ နာရီက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ဦးမင်းဦးနှင့် ဦးဟန်သူ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဗဟန်းမြို့နယ်၌ ဆေးလိပ်ဆေးရွက်ကြီးလွှမ်းမိုးမှု အန္တရာယ်သတိပြုကာကွယ်တို့ လူငယ်ခေါင်းစဉ်ဖြင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ
Aug 27,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသော ဆေးလိပ်ဆေးရွက်ကြီးလွှမ်းမိုးမှုအန္တရာယ် သတိပြုကာကွယ်တို့လူငယ်ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့် ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ
Aug 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ပြင်ပဗဟုသုတများ ပိုမိုရရှိစေရန်ရည်ရွယ်၍ မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
7264
Page
7265
Page
7266
Page
7267
Current page
7268
Page
7269
Page
7270
Page
7271
Page
7272
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department