Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျောက်ဆည်မြို့အဝင် တံစိုးဂိတ်လမ်းအား ကျောက်ပျက်လမ်း(၇၀၀)ပေနှင့် လမ်းလယ်ကျွန်း ဘယ်ညာ(၂)လမ်းအား ကတ္တရာ(၁၅၀၀)ပေခင်းပေး
Aug 27,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်တွင် မြို့ပေါ်(၁၀)ရပ်ကွက်နှင့် ကျေးရွာ(၃၇)ရွာတို့အား တိုက်ရိုက်အကျိုးပြုမည့် ကျောက်ဆည်မြို့အဝင် တံစိုးဂိတ်လမ်းအား ကျောက်ပျက်လမ်း(၇၀၀)ပေနှင့် လမ်းလယ်ကျွန်း ဘယ်ညာ(၂)လမ်းအား ကတ္တရာ(၁၅၀၀)ပေ ခင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူမည့်အကြောင်း ဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Aug 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အထက (ဖျာပုံတမံ)ကျောင်းတွင် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံးမှခရိုင်ဦးစီးမှူး ဦးသန့်ဇင်နှင့် ဝန်ထမ်းများသည်နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ဆောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို ရရှိစေရန်ရည်ရွယ်၍ သန်းခေါင်စာရင်းကောက်ယူမည့်အကြောင်း အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်အတွင်းပြုလုပ် ဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့၌ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြို့နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပ
Aug 27,2024
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြို့နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့က သရက်ချောင်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
လင်းခေးတွင် မိုးအဆက်မပြတ်ရွာသွန်း၍ နမ့်တိန်းချောင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်
Aug 27,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ့်တိန်းချောင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ် (Community centre) ခန်းမ၌ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်စေရေး အခြေခံမုန့်လုပ်နည်း (အခမဲ့)ဖွင့်လှစ်သင်ကြား
Aug 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် မိသားစုအပိုဝင်ငွေ တိုးပွားစေရေးရည်ရွယ်၍ မုန့်လုပ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့တွင် ဧည့်မထဆန်များ ဈေးနှုန်းသက်သာစွာ ရောင်းချ
Aug 27,2024
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်းမြို့နယ် ဆန်စပါးလုပ်ငန်းအသင်းတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် စားသုံးသူများအတွက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးသည့် အစီအစဉ်ဖြင့် ဧည့်မထ(ဇီယာ)ဆန်တစ်ပြည်ကို (၃၅၀၀/-)ကျပ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ကော့သောင်းမြို့နယ်၊ ဆန်စပါးလုပ်ငန်းအသင်းရုံးနေရာတွင် အသင်းသူ၊ အသင်းသူများက ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အလွတ်တန်း(အမျိုးသား) ဘောလုံးပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များ ယှဉ်ပြိုင်
Aug 27,2024
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အလွတ်တန်း(အမျိုးသား)ဘောလုံးပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များကို ယမန်နေ့ညနေ ၄ နာရီက မြို့နယ်ပြည်သူ့အားကစားပြိုင်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး သိကောင်းစရာ ဟောပြောပွဲ ကျင်းပ
Aug 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့တွင် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များအတွက် မူဝါဒများ ချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ ရရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းအား ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး သိကောင်းစရာအချက်အလက်များ ဟောပြောပွဲအား ယမန်နေ့နံနက် (၁၁) နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
7260
Page
7261
Page
7262
Page
7263
Current page
7264
Page
7265
Page
7266
Page
7267
Page
7268
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department