Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း စက်ပါလက်ဆွဲကောက်စိုက်စက်နှင့် လက်ထိုးလက်ဆွဲကောက်စိုက်စက်များဖြင့် စိုက်ပျိုးနေမှုများကိုကြည့်ရှုအားပေ…
Aug 28,2024
စက်မှုလယ်ယာဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)နှင့် ပုသိမ်စက်မှုဇုန်တို့ ပူးပေါင်းထုတ်လုပ်သည့်(စက်ပါ) ခြောက်တန်းသွားလက်ဆွဲကောက်စိုက်စက်၊ ခြောက်တန်းသွား လက်ဆွဲကောက်စိုက်စက်နှင့် လေးတန်းသွားလက်ထိုးလက်ဆွဲ ကောက်စိုက်စက်များဖြင့် ပုသိမ်မြို့နယ်၊ တွန်ပလွန်ကျေးရွာအုပ်စုရှိ တောင်သူ ဦးဝင်းမြင့်လှိုင် ၏လယ်ဧကတွင်စမ်းသပ်စိုက်ပျိုးနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ဩဂုတ်လ(၂၆)ရက်နေ့ ညနေပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Aug 28,2024
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် လူငယ်ရေးရာဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (တိုက်ကြီး) အနော်ရထာခန်းမ၌ ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ပျူတာတက္ကသိုလ်(မအူပင်)တွင် PROJECT SHOW 2024 ပြပွဲအခမ်းအနားကျင်းပ
Aug 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ကွန်ပျူတာတက္ကသိုလ်(မအူပင်)တွင် PROJECT SHOW 2024 ပြပွဲအခမ်းအနားအား ယမန်နေ့နံနက်(၁၁)နာရီက ကွန်ပျူတာတက္ကသိုလ်(မအူပင်)ရှိ စုဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
Aug 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းသည် နိုင်ငံတော်၏ စီမံကိန်းများ အောင်မြင်စေမည့် အခြေခံကျသော လုပ်ငန်းစဥ်ဖြစ်ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ဆောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို ရရှိစေရန် ရည်ရွယ်၍ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ကျောင်းသား/သူလူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြ…
Aug 28,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် မိမိတို့ဝါသနာပါရာ အားကစားနည်းတစ်ခုခုကို စနစ်တကျသင်ယူလေ့ကျင့်ခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ စီစဉ်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ လှသဇင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုတက္ကသိုလ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲ (ဒုတိယအကြိမ်)ကျင်းပ
Aug 28,2024
စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုတက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် ဒီမိုကရေစီအသိနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ ဘာသာစကား၊ အတွေးအခေါ်၊ ဓလေ့စရိုက်၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ အမျိုးသားရေးသွင်ပြင်များကို ထိန်းသိမ်းမှတ်သားလိုက်နာတတ်စေရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲဥပဒေအကြောင်း၊ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေးနှင့် ယဥ်ကျေးမှုအမွေများ ထိန်းသိမ်းစေရေး သိကောင်းစရာများ(ဒုတိယအကြိမ်) ဟောပြောခြင်းကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့၌ ရော်ဘာပင်များအား မိုးကာအုပ်အစေးခြစ်နည်း ကွင်းသရုပ်ပြပွဲကျင်းပ
Aug 28,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ရော်ဘာအထွက်နှုန်းတိုးတက်မြင့်မားစေရန် ရော်ဘာပင်များအား မိုးကာအုပ်အစေးခြစ်နည်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက ကျိုက်ရွဲကျေးရွာရှိ စိုက်ကွက်အမှတ်(၈)၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီးအဆင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများအထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်
Aug 28,2024
ဗလငါးတန်ဖွံ့ဖြိုးရေး ကျောင်းကျန်းမာရေးအလေးပေး ဟူသော ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်၉နာရီက ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ ရှေးဦးစွာကျောင်းသား/သူများက အဓိကမျှော်တွေး ကျန်းမာရေးသီချင်းဖြင့် သီဆိုဂုဏ်ပြုသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
7242
Page
7243
Page
7244
Page
7245
Current page
7246
Page
7247
Page
7248
Page
7249
Page
7250
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department