Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဘိုကလေးတင့်အောင်စာကြည့်တိုက်တွင် ဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ
Aug 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ အထင်ကရစာကြည့်တိုက် တစ်ခုဖြစ်သော ဘိုကလေးတင့်အောင်စာကြည့်တိုက်တွင် စာကြည့်တိုက်သက်ဝင် လှုပ်ရှားမှုရှိစေရေး၊ ကျောင်းသားလူငယ်များ စာပေ၌ မွေ့လျော်စေရေးနှင့် ဘက်စုံကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး တို့ကိုရည်ရွယ်ကာ ယနေ့နံနက်(၁၁)နာရီ အချိန်၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက အသိပညာပေး ဟောပြောပွဲနှင့်အတူ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်မြို့နယ်၌ “ရွှေညောင်ပင်ကျေးရွာစာကြည့်တိုက်” အဆောက်အဦ ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ
Aug 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ကညင်ကုန်းကျေးရွာအုပ်စု၊ ရွှေညောင်ပင် ကျေးရွာတွင် ယနေ့ နံနက်(၉)နာရီက “ရွှေညောင်ပင် ကျေးရွာစာကြည့်တိုက်” အဆောက်အဦ ပန္နက်တင်မင်္ဂလာ အခမ်းအနား ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာ မြို့နယ်တွင် ကျောင်းကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောပွဲ ပြုလုပ်
Aug 28,2024
ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးကောင်းမွန်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ ပညာကောင်းစွာ သင်ယူနိုင်စေရန်၊ အနာဂတ်အတွက် အားထားရသည့်သားသမီး ရတနာများဖြစ်နိုင်ကြစေရန်အတွက် ကျောင်းကျန်းမာရေး ရက်သတ္တပတ်စစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ် ၆ ရပ်ကွက်၊ အ.မ.က ၆ ကျောင်း၌ ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့၌ ဆန်၊ စားအုန်းဆီနှင့်ကြက်သွန်နီများ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Aug 28,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်းများ၊ ဒေသခံပြည် သူများ နေ့စဥ်လူမှုဘဝစားသောက်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ကန့်ဘလူမြို့ အမှတ် (၃) ရပ်ကွက် တပင်ရွှေထီးဘမ်းဘေး (ဇဗ္ဗူထွန်းရွှေဆိုင်ရှေ့) ၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခန္တီးမြို့၌ သန်းခေါင်စာရင်းဆိုင်ရာနှင့် မျောက်ကျောက်ရောဂါအသိပညာ ပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Aug 28,2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်ပြီး ပြည်သူများသိရှိနားလည်စေရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဗဟိုသန်းခေါင်စာရင်းကော်မရှင်က ထုတ်ဝေထားသည့် ပြည်သူအားလုံးပါဝင်လို့သန်းခေါင်စာရင်းကောက်ကြစို့ လက်ကမ်းစာစောင်နှင့် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့တွင် Mpox (မျောက်ကျောက်) ရောဂါကူးစက်မှုအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပါ်အခြေအနေအဖြစ် ကြေညာခဲ့သည့်အတွက် ပြည်သူများအထူးသတိပြုရန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ဝေထားသည့် Mpox (မျောက်ကျောက်)ရောဂါ ကာကွယ်ရေးနှိုးဆော်ချက် လက်ကမ်းစာစောင်များကို စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ မင်္ဂလာစျေးရှေ့နှင့် စျေးအတွင်း၌ ဈေးရောင်းဈေးဝယ်ပြည်သူများအား ယနေ့ နံနက် (၇) နာရီ အချိန်က ခန္တီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ဦးဆွေဦးဆောင်၍ ခန္တီးခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များက ပြည်သူများ၏ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ် ပါရမီဓမ္မစကူးလ်သင်တန်းကျောင်း၌ တိုင်း၊ခရိုင်အဆင့် မြို့နယ်ဂုဏ်ဆောင် (အဆို၊ အက၊ အရေး၊ အတီး) ပြိုင်ပွဲတွင် ထူးချွန်ဆုရမထားထားနွယ်ဝင်းက…
Aug 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပါရမီဓမ္မစကူးလ်သင်တန်းကျောင်းတွင် ကျောင်းသား/သူများ မြန်မာရိုးရာယဉ်ကျေးမှုအမွေ၊ အနှစ်များကို ထိန်းသိမ်းတတ်စေရန်၊ မြန်မာမှုအနုပညာများကို ချစ်မြတ်နိုးတတ်စေရန်၊ ရိုးရာအဆို၊ အကများကို လေ့လာသိရှိစေရန်ရည်ရွယ်ပြီး ယမန်နေ့နေ့လည်ပိုင်းက ကြံခင်းမြို့ စံရာတိုက် ထားဝယ်ကြီးကျောင်း၌ တိုင်း၊ခရိုင်အဆင့် မြို့နယ်ဂုဏ်ဆောင် (အဆို၊ အက၊ အရေး၊ အတီး) ပြိုင်ပွဲတွင် ထူးချွန်ဆုရ မထားထားနွယ်ဝင်းက မြန်မာ့ရိုးရာအကဖြင့် သင်ကြားကပြပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ အစေ့ထုတ်ပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Aug 28,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အစေ့ထုတ်ပြောင်း၊ ဖူးစားပြောင်းကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိရာ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ စိုက်ပျိုးသောအစေ့ထုတ်ပြောင်း စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနား တက်ရောက်…
Aug 28,2024
၂၀၂၄- ၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း၊ ဦးသာညှင်းခန်းမတွင် ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
7240
Page
7241
Page
7242
Page
7243
Current page
7244
Page
7245
Page
7246
Page
7247
Page
7248
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department