အမြို့မြို့အနယ်နယ်သတင်းများ

Aug 23,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြို့မစည်ပင်သာယာဈေးအနီး၊ မြို့မရပ်ကွက်တွင်၊ ယမန်နေ့မွန်းလွဲ(၃:၀၅)နာရီခန့်က ဝါယာလျှော့ဖြစ်ရာမှ လူနေအိမ်တစ်လုံးနှင့် ဆိုင်ခန်းတစ်ခန်းမီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
Aug 23,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မြို့နယ်စိုက်ညှိအဖွဲ့မှ လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပခဲ့ကြောင်း သိရသည်။
Aug 23,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ သီးနှံမျိုးစုံ ၇၂၀၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Aug 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့မွန်းလွဲ (၂) နာရီက စာဖတ်ဝိုင်းကျင်းပ ပြုလုပ်သည်။
Aug 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီး‌ထောင့်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ဩဂုတ်လ ၂၁ ရက်နေ့ နံနက်တွင်စတင် ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
Aug 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက်ပိုင်းက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများပုံမှန်ထုတ်ပေးနေမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးသန်းဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းနေလွင်ထွန်းတို့က သွားရောက်ကြည့်ရှုအားပေးသည်။
Aug 22,2024
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းရှိ သီရိခန်းမ၌ ကျောင်းသားလူငယ်များ စာပေအသိပညာ ဗဟုသုတ ကြွယ်ဝစေရေးနှင့် စာဖတ်သည့် အလေ့အထ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို သြဂုတ် ၂၂ ရက် နံနက် ၉ နာရီက ကျင်းပရာ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထက်က အဖွင့်အမှာစကားနှင့် လူငယ်စကားဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။