ငပုတောမြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအားပင်စင်လစာငွေများ ပုံမှန်ထုတ်ပေးနေမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးနေမှုအား တာဝန်ရှိသူများက ကြည့်ရှုအားပေး

ငပုတော ဩဂုတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက်ပိုင်းက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများပုံမှန်ထုတ်ပေးနေမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးသန်းဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းနေလွင်ထွန်းတို့က သွားရောက်ကြည့်ရှုအားပေးသည်။

ငပုတောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများကို လစဉ်ပုံမှန်ရုံးဖွင့်ရက် (၂၁) ရက်နေ့ နံနက်ပိုင်းမှ စတင်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ဘဏ်ဖွင့်ချိန်အတွင်း အငြိမ်းစားပင်စင်စားများအနေဖြင့် လာရောက်ထုတ်ယူလျက်ရှိကြောင်း၊ ပင်စင်လစာများကို မိမိကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့်၊ ကိုယ်တိုင်လာရောက်ထုတ်ယူချင်းမရှိသော သူများအနေဖြင့် ၎င်းတို့မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှဲလွှဲစာဖြင့် ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေး ဘဏ်မန်နေဂျာထံမှ သိရသည်။

အောင်သူ (ပြန်/ဆက်)