အမြို့မြို့အနယ်နယ်သတင်းများ

Aug 24,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုပြိုင်ပွဲ ဆု‌ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီတွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 24,2024
ကချင်ပြည်နယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်း‌ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ပန်းတိုင်ရည်မှန်းချက်ရရှိရေး၊ အားနည်းချက်/ အားသာချက်များနှင့် လိုအပ်ချက်များကို ပူးပေါင်းဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၉)နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကားပြောကြားသည်။
Aug 23,2024
သာကေတမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များပူးပေါင်း၍ ယ​နေ့နံနက် ၁၀ နာရီအချိန်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ဆရာမကြီးခြယ်မှုန်းသီ ရေးသားသည့် “ကြိုးလေးတစ်မျှင်နှင့် ဘာသာပြန်ဆောင်းပါး၊ ဝတ္ထုများ” စာအုပ်ကို ရေးသူဖတ်သူစာဖတ်ဝိုင်းအဖြစ် ကျင်းပပြုလုပ်ရာ စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များ၊ စာပေညီအစ်ကို၊ မောင်နှမများ တက်ရောက်ခဲ့ကြသည်။
Aug 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အမှတ်(၃)  အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများနှင့် တစ်ကိုယ်ရည်ကျန်းမာရေးဆိုင်ရာ အလေ့အထများ သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍   ကျောင်းကျန်းမာရေး ရက်သတ္တပတ်အဖြစ် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲနှင့် တစ်ကိုယ်ရည် ကျန်းမာရေးစစ်ဆေးခြင်းများကို ယနေ့နံနက်(၁၀) နာရီက အဆိုပါကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်တိုင်းရင်းဆေးကုသရေးဦးစီးဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်ဌေးနွယ်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်စန်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ငပုတောမြို့နယ် မြို့ပေါ်ရှိ တိုင်းရင်းဆေးဆိုင်များကို တိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအဖွဲ့ဖြင့် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
Aug 23,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခန္တီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကျောင်းသား/သူလေးများအား မိမိတို့နေထိုင်နေသည့် သဘာဝပတ်ဝန်းကျင်အကြောင်း ပိုမိုသိရှိ နားလည်လာပြီး ချစ်မြတ်နိုးလာတတ်စေရန် ရည်ရွယ်၍ အခြေခံပညာအထက်တန်းကျောင်း (ခန္တီး)ရှေ့တွင် ယနေ့ နံနက်(၈) နာရီအချိန်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကထုတ်ဝေထားသည့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Aug 23,2024
တနင်္သာရီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် ထားဝယ်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူပေါင်း၍ အသက်မွေးဝမ်း ကျောင်း အထောက်အကူပြု လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းအမှတ်စဉ် (၉/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။