အမြို့မြို့အနယ်နယ်သတင်းများ

Aug 23,2024
မန္တ‌လေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်း မြေသားရေလှောင်ကန်တူးဖော်နေမှုအခြေအနေနှင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေတို့အား ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 23,2024
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်လွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရှိရသည်။
Aug 23,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် M pox(မျောက်ကျောက်)ရောဂါနှင့်ပတ်သက်၍ အသိပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီက ပြည်သူ့ကျန်းမာရေးဦးစီးဌာန သင်တန်းခန်းမ၌ ပြုလုပ်သည်။
Aug 23,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ရေတာရှည်)တွင် ကျင်းပသည်။
Aug 23,2024
အလုပ်သမားဝန်ကြီးဌာန၊ သထုံခရိုင်လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်ခွင်၌ထိခိုက်မှု အကျိုးခံစားခွင့် ငွေလုံးငွေရင်းနှင့် နာရေးစရိတ်ထုတ်ပေးခြင်း အခမ်းအနားကို ယနေ့ နံနက်က သထုံဘူတာရုံခန်း၌ ကျင်းပပြုလုပ်သည်။
Aug 23,2024
လူငယ်ဟူသည် အနာဂတ်နိုင်ငံတော်၏ တန်ဖိုးထားအားကိုးရမည့် အဖိုးတန်အရင်းအမြစ်များဖြစ်သည့်အားလျော်စွာ လူငယ်ကဏ္ဍကို နိုင်ငံတော်မှဘက်ပေါင်းစုံပံ့ပိုးမှုများဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီအချိန်က ဒေါပုံမြို့နယ်၊ အမှတ် (၁) အခြေခံပညာဦးစီးဌာန၊ ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်များအတွင်းရှိ အသက်မွေးစမှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းအစီအစဉ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉) နာရီအချိန်ကစ၍ အမှတ်(၆)ရပ်ကွက်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 23,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့အတွင်း ကျေးရွာများတွင် (၆)လပင်ပြန့်မြေပဲများကို ယခုနှစ်မေလတွင် စတင်စိုက်ပျိုးခဲ့ကြရာ လက်ရှိတွင် မြေပဲခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့်အပြင် ဒေသတွင်းယာလုပ်သား (လက်လုပ်/လက်စား)များ ပဲခင်းများတွင်ပေါင်း/မြက်နှုတ်သည့် အလုပ်ဖြင့် ဝင်ငွေရရှိနေကြကြောင်း သိရသည်။