အမြို့မြို့အနယ်နယ်သတင်းများ

Aug 28,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဩဂုတ်လ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျဉ်းမနားမြို့နယ်အတွင်း ရေကြီးရေလျှံဖြစ်ပွားရာမှ ရေဘေးသင့် ပြည်သူများအား ထောက်ပံပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပျဉ်းမနားမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်မ၌ကျင်းပရာ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် နေပြည်တော်ကောင်စီဝင်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရေဘေးသင့်ရပ် ကွက်/ကျေးရွာများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
Aug 28,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် အမှတ်(၁)အခြေခံပညာကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ကလေးသူငယ်ဆိုင်ရာ ဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခြခံအသိအမြင်များနှင့် မျောက်ကြောက်ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ခရမ်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမ၌ ကျင်းပခဲ့သည်။
Aug 28,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဌေးနှင့် ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့က မက်မန်းမြို့နယ် ဆွတ်ဝိုး(အ-လ-က)ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား/သူများအား နိုင်ငံရေးစိစစ်ရေးကတ်ပြားများကို အခမဲ့ ကွင်းဆင်ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Aug 28,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းနိုင်ကျော်နှင့် မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများလိုက်ပါလျက် ဩဂုတ် ၂၆ ရက်နေ့ နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ ဇီးကုန်းကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာရှိ စာကြည့်တိုက်အသစ် ဆောက်လုပ်မည့်နေရာအား ပန္နက်တင်ခြင်းမင်္ဂလာအခမ်းအနား ကျင်းပခဲ့သည်။
Aug 28,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် နွားနှင့် ဆိတ် မေထုန်မဲ့သားစပ်သင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က မင်းဘူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့နယ် (၅) ခုမှ သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Aug 28,2024
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကျည်တောင်ကန်အမှတ် (၂) ရပ်ကွက်နှင့် သပြေတန်းအုပ်စုအတွင်းရှိ ကျေးရွာချင်းဆက်တံတား(စက်စက်ယို)တို့တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ဖြစ်ပေါ်နေသည့် ရေတိုက်စားနေရာများအား အလှူရှင်အချို့နှင့် ရပ်ကွက်/ကျေးရွာများမှ ပြည်သူများ ဝိုင်းဝန်းပူးပေါင်း၍ ပြုပြင်ခြင်းများကို ဩဂုတ်လ (၂၆) ရက်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 28,2024
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအနေဖြင့် အသက်(၅)နှစ်အောက် ကလေးများကို ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဩဂုတ်လ ၂၆ ရက်နေ့မှစတင်၍ ဩဂုတ်လ ၂၈ ရက်နေ့ထိ (၃)ရက်တိုင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့တွင် စုရပ်(၂)နေရာခွဲ၍ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။