အမြို့မြို့အနယ်နယ်သတင်းများ

Aug 28,2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေး သင်တန်းကျောင်းတိုက်ကြီးမြို့၌ အခြေခံစာရင်းအင်းပညာနှင့် စံကွက်ရိတ်သိမ်းခြင်း သင်တန်းအမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
Aug 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မှန်ကန်စွာ ရရှိစေရေးအတွက်   ဩဂုတ်လ(၂၆)ရက်နေ့ မွန်းလွဲပိုင်းက လူဦးရေစာရင်း မှန်ကန်စေရေး ပြောင်းလဲမှုအား စိစစ်ခြင်းနှင့် ပန်းခင်း(၃) လျာထားချက် ကိန်းဂဏန်းများ ပြင်ဆင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်သည်။
Aug 28,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ အောင်ဆန်းရပ်ကွက်တွင် လင်းလက်ခေါင်းလျှော်ရည် သဘာဝထုတ်ကုန်ရောင်းဝယ်ရေးပိုင်ရှင် ဦးသက်ချိုဦး ဇနီးဒေါ်ခင်မူယာမြင့်တို့က အခြေခံလူတန်းစားများအား ယနေ့နံနက်ပိုင်းက ဆန်၊ ဆီ နှင့် သဘာဝခေါင်းလျှော်ရည်များ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ထိုသို့ထောက်ပံ့လှူဒါန်းပေးရာတွင် အောင်ဆန်းရပ်ကွက်ရှိ အိမ်ထောင်စု (၈၀) အား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်(၂)ပြည်၊ နှမ်းဆီစစ်စစ်(၅၀)ကျပ်သားနှင့် လင်းလက်သဘာဝ ခေါင်းလျှော်ရည် (၁) ဘူးတို့အား ထောက်ပံလှူဒါန်းပေးခဲ့ပြီး မိမိလုပ်ငန်းတွင် ပံ့ပိုးကူညီသူ ဝန်ထမ်းတို့အား ဆန်(၂)ပြည်၊ နှမ်းဆီ စစ်စစ်(၅၀)ကျပ်သား၊ လင်းလက်သဘာဝခေါင်းလျှော်ရည်(၁)ဘူးနှင့် ငွေ(၅၀၀၀)ကျပ် ထောက်ပံ့လှူဒါန်း ပေးခဲ့သည်။
Aug 28,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်စံအောင်ဈေးအတွင်း၌ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ မျောက်ကျောက်ရောဂါအကြောင်း အသိပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Aug 28,2024
မကွေးတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးသယံဇာတထိန်းသိန်းခြင်းကို စဉ်ဆက်မပြတ် ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်၊ ငါးမျိုးပြုန်းတီမှုမဖြစ်စေရန်၊ သဘာဝရေပြင်တွင် ငါးမျိုးများ စဉ်ဆက်မပြတ်တည်ရှိစေရန်၊ ငါးထုတ်လုပ်မှု တိုးတက်လာစေရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန် အတွက် ဒေသနှင့်ကိုက်ညီသည့် ငါးမျိုးများအား တိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များရှိ ဧရာဝတီမြစ်၊ ချောင်းနှင့်ဆည်တမံများအတွင်းသို့ ငါးမျိုးများစိုက်ထည့် ဆောင်ရွက်လျက် ရှိရာ ယနေ့နံနက် (၈) နာရီက မကွေးမြို့ မြင်းကင်းဆိပ်ရှိ ဧရာဝတီမြစ်ကမ်းစပ်၌ ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ပွဲ ကျင်းပခဲ့သည်။
Aug 28,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ဧရာဝတီမြစ်ကမ်းတစ်လျှောက် ပလပ်စတစ်အမှိုက်စွန့်ပစ်မှုမရှိစေရေး၊ ပလပ်စတစ်ကင်းစင်စေရေး ဗီနိုင်းပိုစတာကပ်၍ ပြသခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ယမန်နေ့မွန်းလွဲ ၂ နာရီက ထောက်ရှာပင်ဆိပ်ကမ်းရှိ သင်္ဘောများပေါ်နှင့် မြစ်ကမ်းနားတစ်လျှောက်တွင် ဆောင်ရွက်ခဲ့သည်။
Aug 28,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေးနှင့် စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်စေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲကို ယမန်နေ့နေ့လယ် ၂ နာရီက မြို့သစ်မြို့၊ စျေးရပ်ကွက်၊ အခြခံညာမူလတန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။