အမြို့မြို့အနယ်နယ်သတင်းများ

Aug 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ မရမ်းကုန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 29,2024
ရှမ်းပြည်နယ်တောင်ပိုင်း ၊ကလောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(လ-၁)၏၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများ ဆုချီးမြှင့်ပွဲအခမ်းအနားကို သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၉ နာရီက အဆိုပါကျောင်းရှိ မျိုးဂုဏ်ရောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ကျောင်းအကျိုးဆောင် မိဘဆရာအသင်းနှင့် ကျောင်းသား၊ ကျောင်းသူ မိဘများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့သည်။
Aug 29,2024
၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ပရွတ်ကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပသည်။
Aug 29,2024
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် (၁၁) နာရီက မိုးသည်းထန်စွာရွာသွန်းခြင်း​ကြောင့် ရပ်ကွက်ချင်းဆက်လမ်း​ပေါ်တွင် Box Culvert တံတားနှင့် ကွန်ကရစ်လမ်း ပြန်လည်​ဆောင်ရွက်​နေမှု အ​ခြေအ​နေများကို ကွင်းဆင်းကြည့်ရှုစစ်​ဆေးခဲ့​ကြောင်း သိရသည်။
Aug 29,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မုံရွာမြို့၊ မြို့မရွှေဂူဘုန်းတော်ကြီးကျောင်း တိုက်အတွင်းရှိ လွန်ခဲ့သော (၇၄) နှစ်ကတည်ဆောက်ခဲ့ပြီး ပျက်စီးယိုယွင်းနေသော စန္ဒရံသီကျောင်းဆောင်အား ရှေးမူလပုံစံမပျက်ပြုပြင်မွမ်းမံခြင်းနှင့် ကျောင်းဝင်းအတွင်းရှိ လမ်းများအား ကတ္တရာလမ်းခင်း၍ ရေစက်ချလှူဒါန်းပွဲ အခမ်းအနားကို သြဂုတ်လ ၂၉ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်ကြီးရှိ သီရိရံသီကျောင်းဆောင်၌ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်ဦးဇော်ထူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Aug 29,2024
 ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြား ရေးမှူးရုံးမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့နေ့လယ် (၁) နာရီအချိန်ခန့်က ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကြီးခေတ်မီစံပြကျေးရွာရှိ ကရင်စာပေနှင့်ယဉ်ကျေးမှု ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် စည်ပင်သာယာရေးအဖွဲ့မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအား အထောက်အကူပြုစေရန်နှင့် အမှိုက်များအားစနစ်တစ်ကျစွန့်ပစ်နိုင်စေရန် ဆောင်ရွက်ထားရှိမှုများအား လိုက်နာဆောင်ရွက်မှုရှိစေရန် ယနေ့ နံနက် (၁၀) နာရီက မြို့ရှောင်လမ်းတစ်‌လျှောက် ပြေးဆွဲလျက်ရှိသည့် မော်တော်ဆိုင်ကယ်များနှင့် အဝေးပြေးကားများ‌ပေါ်တွင် စီးနင်းလိုက်ပါလာသည့်ခရီးသည်များအား အသိပညာ‌ပေး ကွင်းဆင်းစစ်ဆေးသည်။