Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လှိုင်မြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို လှိုင်မြို့နယ် အ.ထ.က(၃)ကျောင်းခန်းမတွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားသို့ တက်ရောက်
Aug 29,2024
ကယားပြည်နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ သဇင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မရမ်းကုန်းမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ မရမ်းကုန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(လ-၁)ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူမျာ…
Aug 29,2024
ရှမ်းပြည်နယ်တောင်ပိုင်း ၊ကလောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(လ-၁)၏၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများ ဆုချီးမြှင့်ပွဲအခမ်းအနားကို သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၉ နာရီက အဆိုပါကျောင်းရှိ မျိုးဂုဏ်ရောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ကျောင်းအကျိုးဆောင် မိဘဆရာအသင်းနှင့် ကျောင်းသား၊ ကျောင်းသူ မိဘများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း အသိပညာပေးဟောပြော
Aug 29,2024
၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ပရွတ်ကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်၌ ရပ်ကွက်ချင်းဆက်လမ်းတံတား ပြန်လည်ဆောင်ရွက်နေမှုအားကြည့်ရှုစစ်ဆေး
Aug 29,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် (၁၁) နာရီက မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရပ်ကွက်ချင်းဆက်လမ်းပေါ်တွင် Box Culvert တံတားနှင့် ကွန်ကရစ်လမ်း ပြန်လည်ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်၌ ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး(ECI) မိတ်ဆက်ခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်း အသ…
Aug 29,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းမူလတန်းကြိုကျောင်း အစည်းအဝေးခန်းမ၌ ယမန်နေ့က ကလေး/သူငယ်မိဘများနှင့် ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး(ECI) မိတ်ဆက်ခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်း အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့မရွှေဂူဘုန်းတော်ကြီးကျောင်းတိုက်အတွင်းရှိ စန္ဒရံသီကျောင်းဆောင်ပြုပြင်မွမ်းမံခြင်းနှင့် ကျောင်းဝင်းအတွင်းရှ…
Aug 29,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မုံရွာမြို့၊ မြို့မရွှေဂူဘုန်းတော်ကြီးကျောင်း တိုက်အတွင်းရှိ လွန်ခဲ့သော (၇၄) နှစ်ကတည်ဆောက်ခဲ့ပြီး ပျက်စီးယိုယွင်းနေသော စန္ဒရံသီကျောင်းဆောင်အား ရှေးမူလပုံစံမပျက်ပြုပြင်မွမ်းမံခြင်းနှင့် ကျောင်းဝင်းအတွင်းရှိ လမ်းများအား ကတ္တရာလမ်းခင်း၍ ရေစက်ချလှူဒါန်းပွဲ အခမ်းအနားကို သြဂုတ်လ ၂၉ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်ကြီးရှိ သီရိရံသီကျောင်းဆောင်၌ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်ဦးဇော်ထူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
7051
Page
7052
Page
7053
Page
7054
Current page
7055
Page
7056
Page
7057
Page
7058
Page
7059
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department