အမြို့မြို့အနယ်နယ်သတင်းများ

Sep 03,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မေထုန်မဲ့သားစပ်သင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါရုံးတွင် ကျင်းပခဲ့သည်။
Sep 03,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
Sep 03,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ (၁၂)ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေး ဆိုင်းဘုတ်တင်အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက မြို့မဈေးရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 03,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ ယန်းမိုင်‌ကျေးရွာတွင် နိုင်ငံတော်မတည်‌ငွေဖြင့် ဆောက်လုပ်မည့်ကျေးရွာစာကြည့်တိုက် မြေနေရာပန္နက်တင်အခမ်းအနားကို ယနေ့နံနက်(၈)နာရီက အဆိုပါ‌ကျေးရွာ စာကြည့်တိုက်မြေနေရာ၌ ကျင်းပသည်။
Sep 03,2024
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြီး ကုန်ဈေးနှုန်းတည်ငြိမ်လျော့ချရေးအတွက် ယနေ့ နံနက်(၉)နာရီက ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးကြောင်း သိရသည်။
Sep 03,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိကောင်းစရာများပါဝင်သော သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီက မြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့သည်။
Sep 03,2024
ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၄) နှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၄/၂၀၂၄) ကို စက်တင်ဘာလ (၂) ရက်နံနက် (၉) နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
Sep 03,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ်၊ လွိုင်ချိုကျေးရွာအုပ်စု၊ လွယ်ယုကာကျေးရွာနေ တောင်သူလုံးပုံည၏ ယာခင်းနေရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနနှင့်‌ တောင်သူများပူး‌ပေါင်းကာ မေလနောက်ဆုံပတ်ကစိုက်ပျိုးခဲ့သည့် ဒေသနှင့်ကိုက်ညီမှုရှိမည့် မြေပဲမျိုး ၆ မျိုး ကိုယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးခဲ့ရာ ယမန်နေ့နံနက် ၈ နာရီအချိန်က စမ်းသပ်ကွက်များကို ရိတ်သိမ်းခဲ့ကြောင်း သိရသည်။