အမြို့မြို့အနယ်နယ်သတင်းများ

Sep 04,2024
ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းဖြစ်သော အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် Mobile စာကြည့်တိုက်ဖွင့်လှစ်ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း(ရွာမ)၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Sep 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ မြို့မဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်များတွင် ဆန်နှင့် ဆီရောင်းချနေမှုများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 04,2024
ပြည်မြို့ခုတင် (၅၀၀) ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာမီမီစိုး (အထူးကုဆရာဝန်ဓာတ်မှန်) ဦးဆောင်သော ဆရာဝန်များနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံသံဃာဆောင်၌ ULTRASOUND တီဗွီဓာတ်မှန် ရိုက်ရန်လိုအပ်သောလူနာများအား အခမဲ့စမ်းသပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Sep 04,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာအုပ်စု၊ ဂျိုကျေးရွာ၊ ကွင်းအမှတ် (၅၇၀ခ)၊ ပေါက်အင်းကွင်းအတွင်းရှိ စိုက်ခင်းရှင်းလင်းဆောင်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ရေအသုံးချသူများ အဖွဲ့(WUG) အသင်းဝင်များအား သင်တန်းပို့ချခြင်းနှင့် တူညီဝတ်စုံများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Sep 04,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၏ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ခရိုင်အဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သင်တန်းသူများတက်ရောက်သည်။