ပန်းတောင်းမြို့နယ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပိုင်းဆိုင်ရာ‌အခြေခံအသိအမြင် ဟောပြောပို့ချမှုအခမ်းအနား ကျင်းပ

ပန်းတောင်း စက်တင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အ​​ခြေခံပညာအထက်တန်း၌ ယမန်နေ့နံနက် (၉) နာရီအချိန်က အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ များအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပိုင်းဆိုင်ရာ အခြေခံအသိအမြင် ဟောပြောပို့ချမှုအခမ်းအနားကို ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးသိန်းဒန်က အဖွင့်အမှာစကားပြောကြားပြီး ပြည်ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးနော်ဝေမှ အခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပိုင်းဆိုင်ရာအခြေခံအသိအမြင်ကို ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်စုစုဌေးမှ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ နိုင်ငံသားများ၏အခွင့်အရေးတာဝန်နှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာနှင့်ပတ်သက်၍ ဟောပြောခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ပန်းတောင်းမြို့နယ် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၂၁၀) ဦးနှင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)