Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မန္တလေးဂီတဖျော်ဖြေရေးအဖွဲ့မှ ရေဘေးရင်ဆိုင်နေရသည့် ပြည်သူများအတွက် သီဆိုဖျော်ဖြေအလှူခံ
Sep 15,2024
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ရန်ကင်းတောင် သွားလမ်း၊ နာရီစင်အနီး၌ ယမန်နေ့ကစတင်ကာ မြန်မာနိုင်ငံဂီတအစည်းအရုံးဗဟို၊ မြို့နယ် ဂီတအစည်းအရုံး၏ လမ်းညွှန်မှုဖြင့် မန္တလေး ဂီတဖျော်ဖြေရေးအဖွဲ့မှ ရေဘေးရင်ဆိုင်နေရသည့် ပြည်သူများအတွက် ရန်ပုံငွေရရှိရန် ဖျော်ဖြေအလှူခံလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့ ကွက်သစ်ရပ်ကွက်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း အသိပညာပေးဟောပြောပွဲ ပြုလုပ်
Sep 15,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မိုးရာသီတွင် ဖြစ်ပွားတတ်သော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လည် (၂) နာရီက ကွက်သစ်ရပ်ကွက်၊ ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်ရှိ ဆဒ္ဒန်ဆည်၊ စွန်ဆည်နှင့် ပုလင်းဆည် ရေလှောင်တမံ ရေပိုလွှဲတို့မှ ဆက်လက်ရေကျော်ကျ
Sep 15,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စက်တင်ဘာလဆန်းပိုင်းမှစတင်၍ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့နံနက်၁၁နာရီတွင် ဆဒ္ဒန်ဆည်၊ စွန်ဆည်နှင့် ပုလင်းဆည် ရေလှောင်တမံရေပိုလွှဲတို့မှ ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Sep 15,2024
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၄) ကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော် ရေဘေးသင့်ပြည်သူများအတွက် အောင်မော်စံစာသင်တိုက်မှ ဆန်နှင့်အခြားပစ္စည်းများထောက်ပံ့လှူဒါန်း
Sep 15,2024
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ဆန်၊ သင်္ကန်းများ၊ စားသုံးကုန်ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက သာကေတမြို့နယ်၊ ရှုခင်းသာရပ်ကွက်၊ ရှုခင်းသာကျောင်းဝိုင်းအတွင်းရှိ အောင်မော်စံစာသင်တိုက်တွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း (အောင်လံခရိုင်အဆင့်) နည်းပြသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Sep 15,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း (အောင်လံခရိုင်အဆင့်) နည်းပြသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အောင်လံမြို့ ခရိုင်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး ခရိုင်အဆင့်သင်တန်း သင်ခန်းစာပို့ချချက်ဆိုင်ရာ လက်တွေ့ကွင်းဆင်းဆောင်ရွက်
Sep 15,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊လှည်းကူးမြို့နယ်၊ ပြည်တော်သာရပ်ကွက်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး ခရိုင်အဆင့်သင်တန်းကို စက်တင်ဘာလ (၃) ရက်နေ့မှ (၁၄) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ ယမန်နေ့မွန်းလွဲပိုင်းက သင်ခန်းစာတွင်ပါရှိသည့် လက်တွေ့လေ့ကျင့်ခြင်းဆိုင်ရာနှင့်ပတ်သက်၍ ပြည်တော်သာရပ်ကွက်၊ ငှက်ပျောတောလမ်းရှိ အိမ်ထောင်စု (၃၆) အား မြေပြင်၌ လက်တွေ့ကွင်းဆင်းစာရင်းကောက်ယူဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး (စကု) မြို့နယ်၌ ပညာဘဏ်စာကြည့်တိုက်နှင့် အရုဏ်ဦးစာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်
Sep 15,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်၌ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန် ဒေသခံပြည်သူများနှင့် ယနေ့ခေတ် ကျောင်းသားလူငယ်များ စာအုပ်စာပေများကို အလွယ်တကူစာပေဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာသည့်အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ဖွင့်လှစ်သည့် ပညာဘဏ်စာကြည့်တိုက်နှင့် အရုဏ်ဦးစာကြည့်တိုက်အဆောက်အအုံသစ် နှစ်တိုက်ကို စကုမြို့အမှတ် (၁) ရှမ်းစုရပ်ကွက်နှင့် ပင်လယ်သက်ကျေးရွာတို့တွင် တိုးချဲ့ဆောက်လုပ်ပြီး ယမန်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6868
Page
6869
Page
6870
Page
6871
Current page
6872
Page
6873
Page
6874
Page
6875
Page
6876
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department